မန္တလေးတွင် ယာဥ်လေးစီးဆင့်တိုက်မှု ဖြစ်ပွား

0
262

မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်တွင်ယနေ့ ညနေပိုင်းက ယာဥ်လေးစီးဆင့်တိုက်မှု ဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ (မန္တလေးတိုင်းရုံး) ထံမှသိရသည်။

ပြည်ကြီးတံခွန်မြို့နယ် ရန်ကုန်-မန္တလေးလမ်း ၊ ၁၃၆ လမ်းအနီးတွင် ယနေ့ (ဖေဖော်ဝါရီ ၂၅ ရက်) ညနေ ၆ နာရီကျော်က ခရီးသည်တင်ဒိုင်နာယာဉ်တစ်စီး ဘရိတ်ပေါက်ကာ ကားလေးစီးဆင့်တိုက်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

” ဒိုင်နာကားက ဘရိတ်ပေါက်ပြီးတိုက်မိတာ၊ ခရီးသည်တစ်ဦးနဲ့ ယာဉ်မောင်းတစ်ဦး မစိုးရိမ်ဒဏ်ရာ ရရှိသွားပါတယ်” ဟု မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ (မန္တလေးတိုင်းရုံး) မှ တာ၀န်ရှိသူတစ်ဦးက ပေါ်ပြူလာနယူး(စ်)သို့ပြောသည်။

အဆိုပါ ဖြစ်စဥ်တွင် အသေးစားထိခိုက်ဒဏ်ရာရသူ နှစ်ဦးသာ ရှိခဲ့သည်ဟု သိရသည်။

ဓာတ်ပုံ – မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ (မန္တလေးတိုင်းရုံး)


LEAVE A REPLY

Please enter your comment!
Please enter your name here