လျှပ်စစ် ၄၁၀ မဂ္ဂါဝပ်ထုတ်​နေသည့်မကွေးတိုင်းအတွင်း၌ ထပ်မံ၍ နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အား ၁၆၀ မဂ္ဂါဝပ် တိုးထုတ်မည်

0
207

မကွေးတိုင်းအတွင်း၌ ရေအားကိုအသုံးပြု၍ လျှပ်စစ်ဓာတ်အား ၁၉၀ မဂ္ဂါဝပ်၊သဘာဝဓာတ်ငွေ့ဖြင့် လျှပ်စစ်ဓာတ်အား ၁၂၀ မဂ္ဂါဝပ်၊နေရောင်ခြည်စွမ်းအင်ဖြင့် လျှပ်စစ်ဓာတ်အား ၁၀၀ မဂ္ဂါဝပ်(စုစုပေါင်း ၄၁၀ မဂ္ဂါဝပ်)ခန့်ထုတ်လုပ်ကာ နိုင်ငံတော်ဓါတ်အားစနစ်သို့ ပို့လွှတ်လျက်ရှိ​နေသည်။

မကွေးတိုင်းဝန်ကြီးချုပ်ဦးတင့်လွင်မှ ဖေဖော်ဝါရီ ၂၄ ရက်နံနက် ၁၀ နာရီက အောင်လံမြို့ ကျောက်ပန်းတောင်းကျေးရွာရှိ ကျောက်ပန်းတောင်း ဓာတ်အားခွဲရုံဖွင့်ပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

ထို့ပြင် နေရောင်ခြည်စွမ်းအင်အသုံးပြု၍ လျှပ်စစ်ဓာတ်အား ၁၆၀ မဂ္ဂါဝပ် တိုးတက်ထုတ်လုပ်နိုင်ရန်ဆောင်ရွက်လျက်ရှိပြီး လိုအပ်သည့်အကူအညီများကို တိုင်းအစိုးရအဖွဲ့မှ ပံ့ပိုးပေးလျက်ရှိ​ကြောင်းသိရသည်။

“နိုင်ငံတစ်နိုင်ငံ၊မြို့တစ်မြို့၊ကျေးရွာတစ်ရွာဖွံ့ဖြိုးတိုးတက်ရေးမှာ လျှပ်စစ်မီးရရှိရေးဟာ အလွန်အရေးကြီးပါတယ်။နိုင်ငံတော်အနေဖြင့် ပြည်သူများလျှပ်စစ်ဓာတ်အားပြည့်ဝစွာသုံးစွဲနိုင်ရန် နည်းလမ်းပေါင်းစုံဖြင့်ကြိုးပမ်းဆောင်ရွက်လျက်ရှိ​ကြောင်း” မကွေးတိုင်းဝန်ကြီးချုပ်ဦးတင့်လွင်ကပြောကြားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here