မလေးရှားရောက် မြန်မာနိုင်ငံသားများအား မတ်လ ၁ ရက်မှစတင်ပြီးနိုင်ငံကူးလက်မှတ် ပြန်ထုတ်ပေးမည်

0
184

လာမည့် မတ်လ ၁ ရက်မှစတင်ပြီး မလေးရှားရောက် မြန်မာနိုင်ငံသားတွေကို နိုင်ငံကူးလက်မှတ်ကို ပြန်လည်ထုတ်ပေးသွားမည်ဖြစ်ကြောင်း မြန်မာသံရုံး၊ကွာလာလမ်ပူမြို့မှ ထုတ်ပြန်ထားသည်။

နိုင်ငံကူးလက်မှတ်ထုတ်ပေးရန် နည်းပညာအဆင့်မြှင့်တင်မှုများ ပြုလုပ်ရန်အတွက် ဖေဖော်ဝါရီလ ၆ ရက်ကစပြီး ယာယီရပ်နားထားခဲ့ခြင်းဖြစ်သည်။

အဆိုပါ ရပ်နားထားချိန်တွင် နိုင်ငံကူးလက်မှတ်ပြုလုပ်ရန် ရက်ချိန်းယူထားသူတွေကို သက်မှတ်နေ့အလိုက် မတ်လ ၁ ရက်ကစပြီး ပြန်လည်ပြုလုပ်ပေးမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ပြည်တွင်း၌လည်း နိုင်ငံကူးလက်မှတ်ထုတ်ပေးခြင်းကို နှစ်လကျော်ရပ်ဆိုင်းထားရာမှ ဖေဖော်ဝါရီလ ၂၄ ရက်တွင် Online Booking စနစ်ဖြင့် ပြန်လည်ပြုလုပ်ပေးနေခြင်းဖြစ်ကြောင်း သိရသည်။ နိုင်ငံကူးလက်မှတ်ပြုလုပ်မှု ယာယီရပ်ဆိုင်းထားခြင်းကြောင့် ပြည်ပထွက်ခွာအလုပ်လုပ်မည့်သူများ အခက်အခဲများရှိခဲ့ပြီး ဝေဖန်မှုများလည်းရှိခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here