တရုတ် အထူးသံတမန်နှင့် NDAA ခေါင်းဆောင်များ မိုင်းလားမြို့၌ တွေ့ဆုံ

0
202

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာအထူးကိုယ် စားလှယ် မစ္စတာဒန်ရှိုင်ဂျွန်သည် တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့များနှင့် အမျိုးသားဒီမိုကရေစီ မဟာမိတ်တပ်မတော်ဌာနချုပ် မိုင်းလားမြို့တွင် ဖေဖော်ဝါရီ ၂၀ ရက်နေ့က တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

ထို့အပြင် တရုတ်အထူး ကိုယ်စားလှယ်သည် ရှမ်းပြည်နယ်အရှေ့ပိုင်းအထူးဒေသ (၄) မိုင်းလား၌ ငြိမ်းချမ်းရေးနှင့် စည်းလုံးညီညွတ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးစန်းဖေ၊ ဦးစံလူတို့နှင့်လည်း တွေ့ဆုံဆွေးနွေးခဲ့ကြောင်းလည်း သိရသည်။

တရုတ်အထူးကိုယ်စားလှယ်သည် ပြီးခဲ့သည့် ရက်သတ္တ ပတ်အတွင်းကလည်း တရုတ်ပြည်ယူနန်ပြည်နယ်အတွင်း၌ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ (၄) ဖွဲ့နှင့် တွေ့ဆုံခဲ့ပြီး ဆွေးနွေးမှုများ လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ တွေ့ဆုံဆွေးနွေးမှုတွင် တရုတ်က အလိုရှိနေသည့် ရာဇဝတ်သားများ ဖမ်းဆီးရမိရေးကြိုးပမ်းမှုတွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ ပူးပေါင်းပါဝင်ကြရန်လည်း ပြောကြားခဲ့ကြောင်း သိရသည်။

ထို့အပြင် အွန်လိုင်းလောင်းကစားမှုများ၊ လူကုန်ကူးမှုနှင့်မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုများနှင့် ပတ်သက်၍လည်း တိုင်းရင်းသားလက်နက်ကိုင်နယ်မြေတွေမှာ အခြေချလုပ်ကိုင်ခွင့်မပေးရန် သတိပေးဆွေးနွေးခဲ့ကြောင်း ဆွေးနွေးမှုတွင် ပါဝင်သည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ နှင့် နီးစပ်သူတစ်ဦးထံမှ သိရသည်။

” နှစ်ဖက်စလုံးက သတင်းထုတ်ပြန်တာမျိုး လုပ်တာမတွေ့ရဘူး ။ ပြီးခဲ့တဲ့ တစ်ပတ်တည်းက တွေ့ကြတာပေါ့။ ဘာတွေဆွေးနွေးလဲဆိုတာကတော့ အသေးစိတ်ပြောလို့မကောင်းဘူး” ဟု ၎င်းက ဆိုသည်။

NDAA သည် နစကဥက္ကဋ္ဌ တပ်မတော်ကာ ကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် နစက အစိုးရ၏ ငြိမ်းချမ်းရေးဆွေးနွေးမှု အဖွဲ့၌လည်းပါဝင်ဆွေးနွေးနေကြောင်း သိရသည်။

တရုတ် အထူးကိုယ်စားလှယ် မစ္စတာဒန်ရှိုင်ဂျွန်သည် ၁၉၈၅ ခုနှစ်က မြန်မာနိုင်ငံ၌စစ်သံမှူးအဖြစ်တာဝန်ထမ်းဆောင်ခဲ့ပြီး အရှေ့တောင်အာရှနှင့်တောင်အာရှတို့တွင်လည်း ၁၉၉၀ ခုနှစ်မှ ၂၀၁၇ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့ဖူးသူ ဖြစ်သည်။

Source : စီအင်န်အိုင်


LEAVE A REPLY

Please enter your comment!
Please enter your name here