ဆော်ဒီလိဂ်မှာ ဟက်ထရစ် ထပ်မံရခဲ့တဲ့ စိရော်နယ်လ်ဒို 

0
163

ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ ဆော်ဒီပရီးမီးယားလိဂ်မှာ ဟက်ထရစ် ထပ်မံ ရရှိခဲ့ပါတယ်။

Al Nassr အသင်းဟာ Damac FC အသင်းကို အဝေးကွင်းသွားရောက်ကစားခဲ့ရာမှာ ရော်နယ်ဒိုဟာ အသင်းခေါင်းဆောင်အဖြစ်တာ၀န်ယူခဲ့ပြီး ၃ ဂိုး ဂိုးမရှိနဲ့ Al Nassr အသင်းအနိုင်ရခဲ့ကာ ၃ ဂိုးလုံးကို ရော်နယ်ဒိုက သွင်းယူခဲ့တာပါ။

ရော်နယ်ဒိုဟာ ပထမပိုင်း ၁၂ မိနစ်၊ ၂၃ မိနစ်၊ ၄၄ မိနစ် အတွင်းမှာပဲ ဟက်ထရစ် ရယူနိုင်ခဲ့တာဖြစ်ပါတယ်။

ဒီရလဒ်ကြောင့် Al Nassr အသင်းဟာ ပထမနေရာကနေ ဒုတိယနေရာက Al lttihad အသင်းကို ၂ မှတ်အသာနဲ့ ဆက်လက်ဦးဆောင်နိုင်ခဲ့ပါတယ်။

‌ရော်နယ်ဒိုဟာ ဆော်ဒီပရီးမီးလိဂ်မှာ ၅ ပွဲကစားပြီးချိန် ရဂိုး ၈ ဂိုးနဲ့  ဂိုးဖန်တီးမှု ၂ ကြိမ်ပြုလုပ်ထားပြီး တစ်ပွဲထပ်တစ်ပွဲ ပိုမိုခြေစွမ်းပြလာကာ ဆော်ဒီမှာ အသားကျလာနေပြီဖြစ်ပါတယ်။

လက်ရှိအချိန်မှာ ရော်နယ်ဒိုဟာ ဆော်ဒီပရီးမီးယားလလိဂ်မှာ ရဂိုး ၈ ဂိုးအထိ ရရှိထားပြီး လက်ရှိဆော်ဒီလိဂ်ရဲ့ ဂိုးအများဆုံးသွင်းယူထားသူဟာ ဂိုးသာရရှိထားတာကြောင့် ရော်နယ်ဒိုအနေနဲ့ ဂိုးသွင်းအများဆုံးဆုကို ရရှိဖို့လည်း ရေပန်းစားနေပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here