မြန်မာကြက်သွန်နီလည်း ဖိလစ်ပိုင်နိုင်ငံသို့ သွားချင်​နေ

0
171

ဖိလစ်ပိုင်နိုင်ငံသို့ G to G စနစ်ဖြင့် ကြက်သွန်နီတင်ပို့နိုင်ရန်အတွက် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ညှိနှိုင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဘုရင့်နောင်ကုန်စည်ဒိုင်ဥက္ကဋ္ဌ ဦးခင်ဟန်၏ ပြောပြချက်အရ သိရသည်။

မြန်မာနိုင်ငံ ကြက်သွန်နီ၊ ကြက်သွန်ဖြူနှင့် စားဖိုဆောင်သီးနှံစိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းက ဖိလစ်ပိုင်ဈေးကွက်၌ ကြက်သွန်နီလိုအပ်ချက်များနေချိန် မြန်မာဖက်က တင်ပို့လိုသည့်အတွက် စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနကို တင်ပြခဲ့ခြင်း ဖြစ်သည်။

ဖိလစ်ပိုင်နိုင်ငံ၏ ကုန်သွယ်မှုမူဝါဒတွေကြောင့် ကြက်သွန်နီတင်ပို့ရန် မလွယ်ကူနိုင်ကြောင်း ကုန်သည်များ၏ ပြောပြချက်အရ သိရသည်။ 

“ လောလောဆယ်ကတော့ ညှိနှိုင်းပေးဖို့အဆင့်ပဲရှိသေးတာ။ တိတိကျကျဘာမှမရှိသေးဘူး။လက်ရှိကတော့ မြဝတီကနေတစ်ဆင့် ထိုင်းကိုပို့တယ်။ မူဆယ်ကနေတစ်ဆင့် တရုတ်ကိုပို့တယ်။ အဲဒီကနေမှတစ်ဆင့် ဗီယက်နမ်ကိုသွားတာပေါ့။ ကျွန်တော်တို့ကလည်း ဒီလောက်ပဲသိထားတာ”ဟု ရွှေပြည့်အောင်ပွဲရုံမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

မြန်မာပြည်တွင် စိုက်ပျိုးသည့် ကြက်သွန်နီကို ပြည်ပဝယ်လိုအားဖြစ်သည့် ထိုင်းနိုင်ငံ၊ တရုတ်နှင့် ဗီယက်နမ်နိုင်ငံကလအဓိကဝယ်ယူနေကြောင်း၊ ယင်းအပြင် နယ်မှ ရန်ကုန်(ဘုရင့်နောင်ကုန်စည်ဒိုင်)သို့ ကြက်သွန်ကားအစီးရေသည် ယခင်က နေ့စဉ် ၂၅ စီးဝန်းကျင်ဝင်ရောက်ရာမှ လက်ရှိတွင် အစီးရေ ၅၀ ဝန်းကျင်ဝင်ရောက်နေခြင်းဖြစ်သည်။

တစ်ရက်လျှင် ပျမ်းမျှ ကြက်သွန်နီ ကုန်ချိန်ပိဿာ(၂)သောင်း (၁)ပတ် အတွင်း စုစုပေါင်းပိဿာ(၁)သိန်းခွဲခန့် ကုန်စည်ဒိုင်ကို ဝင်ရောက်နေပြီး မြို့ပေါ်တွင်ရှိသည့် ကြက်သွန်ကုန်သည် သိုလှောင်ရုံများတွင်လည်း ကြက်သွန်နီပိဿာ ပျမ်းမျှ (၁) ပတ်အတွင်း ကုန်ချိန် (၃) သိန်းခွဲဝန်းကျင် ဝင်ရောက် အရောင်းအဝယ်ဖြစ်နေကြောင်း သိရသည်။

Photo Credit – U Khin Zaw


LEAVE A REPLY

Please enter your comment!
Please enter your name here