ပစ်ကပ်ကားပေါ်၌ တစ်ဦးနှင့်တစ်ဦးထပ်၍လိုက် ပါလာသည့် မြန်မာနိုင်ငံသား ၃၀ ဦး ကန်ကျနဘူရီခရိုင်၌ ဖမ်းဆီးခံရ

0
324

ထိုင်းနိုင်ငံငံကန်ကျနဘူရီခရိုင်၊စိုင်ယို့ကျေးရွာ အုပ်စုတွင် ဖေဖော်ဝါရီ ၂၃ ရက်နံနက်ပိုင်းက ပစ်ကပ်ကားပေါ်တွင် တစ်ဦးနှင့်တစ်ဦးထပ်၍လိုက်ပါလာသည့် မြန်မာနိုင်ငံသား ၃၀ ဦးဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။

ယင်းနေ့နံနက် ၇ နာရီခန့်က ကန်ကျနဘူရီခရိုင်၊စိုင်ယို့ကျေးရွာအုပ်စုတွင် တရားမဝင်ဝင်ရောက်လာသူများရှိနေကြောင်းသတင်းအရ တာဝန်ရှိသူများက သွားရောက်စစ်ဆေးခဲ့ကြသည်။

တာဝန်ရှိသူများမှ ပစ်ကပ်ကားတစ်စီးအားတွေ့ရှိရသဖြင့်စစ်ဆေးရာ ကားပေါ်တွင် တစ်ဦးနှင့်တစ်ဦးထပ်၍ လိုက်ပါလာသည့် မြန်မာနိုင်ငံသား အ မျိုးသား ၂၂ ဦးနှင့်အမျိုးသမီး ၈ ဦး(စုစုပေါင်း ၃၀ ဦး)တို့အား ပစ်ကပ်ကားမောင်းသည့် ထိုင်းနိုင်ငံသားနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံသားများသည် ထိုင်းနိုင်ငံရှိ ကန်ကျနဘူရီ၊ ရယောင်း၊ ဗန်ကောက်နှင့်စမွတ်စာခွန်တို့တွင် အလုပ်လုပ်ကိုင်ရန် ဝင်ရောက်လာခြင်းဖြစ်ပြီး ပွဲစားခအဖြစ်တစ်ဦးလျင် ထိုင်းဘတ်ငွေ ၂၅၀၀၀ မှ ၃၀၀၀၀ အထိပေးချေခဲ့ရကြောင်း စစ် ဆေးသိရှိခဲ့ရသည်။

ထို့ကြောင့် တရားမဝင်ဝင်ရောက်လာသည့် မြန် မာနိုင်ငံသားများနှင့်ထိုင်းနိုင်ငံသားကားမောင်းသူတို့အား ထိုင်းနိုင်ငံဥပဒေအရအရေးယူရန် စိုင်ယို့မြို့ရဲစခန်းသို့ပို့ဆောင်ခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here