ယူကရိန်းအကျပ်အတည်းအတွက် ငြိမ်းချမ်းရေးအစီအစဉ်တိုင်း၌ပါဝင်ရန် အဆင်သင့်ရှိနေသည်ဟုအိန္ဒိယဝန်ကြီးချုပ်ဆို

0
201

အိန္ဒိယသည်ယခင်ကတည်းက ယူကရိန်းအရေးနှင့်ပတ်သက်၍ တွေ့ဆုံဆွေးနွေးရေးနှင့်သံတမန်ရေးအရသာဖြေရှင်းရန် တွင်တွင်တောင်းဆိုနေခဲ့ပြီး ယူကရိန်း၏ကငြိမ်းချမ်းရေးရရှိရေးအတွက် လုပ်ငန်းစဉ်တိုင်း၌ပါဝင်ရန်အသင့်ရှိနေသည်ဟု အိန္ဒိယဝန်ကြီးချုပ်မိုဒီက ဂျာမန်ဝန်ကြီး ချုပ်နှင့်တွေ့ဆုံစဉ်ပြောကြားခဲ့သည်။

ရုရှား – ယူကရိန်းအရေးသည် အရေးပါသောဖြစ်ရပ်တစ်ခုဖြစ်ပြီး ကျွန်တော်တို့အားလုံးသဘောတူထားကြတဲ့ စီးပွားရေးမူတွေအားလုံးကိုချိုးဖောက်နေလို့ပါ၊ဒီဖြစ်ရပ်ရဲ့အကျိုးဆက်ကိုလည်း တစ်ကမ္ဘာလုံးကခံစားနေရပါတယ်” ဟု မစ္စတာရှို့ဖ်ကထောက်ပြပြောကြားခဲ့သည်။

ယင်းနောက်မစ္စတာရှို့ဖ်သည် အိန္ဒိယနှင့်ပူးတွဲလျက်ရေငုပ်သင်္ဘောခြောက်စင်းကိုတည်ဆောက်ရန် ဒေါ်လာ ၅ ဒသမ ၂ ဘီလျံတန်ဖိုးရှိ သဘောတူညီချက်ကိုအကောင်အထည်ဖော်ရန်လည်း မျှော်လင့်ထားကြောင်းလည်းရိုက်တာသတင်းဌာန၏တင်ပြချက်အရသိရသည်။

မစ္စတာရှို့ဖ်သည်ယခုလအစောပိုင်းကမြူးနစ်လုံခြုံရေးညီလာခံ၌ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး မစ္စတာဂျေးရှန်ကာပြောခဲ့သည့်စကားကိုထပ်မံပြောကြားခဲ့သည်။မစ္စတာဂျေးရှန်ကာက “ဥရောပပြဿနာဟာ ကမ္ဘာ့ပြဿနာဖြစ်ပြီး ကမ္ဘာ့ပြဿနာဟာ ဥရောပနဲ့မဆိုင်” ဟူသောသဘောထားကို ပြောင်းလဲရန်လိုပြီဟုပြောကြားခဲ့ခြင်းဖြစ်သည်။

မစ္စတာဂျေးရှန်ကာသည် ရုရှား – ယူကရိန်းစစ်အတွင်း ကမ္ဘာ့ပိတ်ဆို့မှုများက ရုရှားအပေါ်တိုးလာနေချိန်၌လည်း အလားတူမှတ်ချက်မျိုးအား ယမန်နှစ်က ပေး ခဲ့ဖူးသေးသည်။ နူးဒေလီသည်မော်စကိုနှင့်ခိုင်မာသောဆက်ဆံရေးရှိခဲ့ပြီး ရုရှားလောင်စာတင်သွင်းမှုအား ရပ်တန့်ရန်ဖိအားပေးမှုကိုလည်းငြင်းဆန်ခဲ့သည်။

အိန္ဒိယသည် ကုလသမဂ္ဂ၌မဲခွဲဆုံးဖြတ်ရာ၌ ရုရှားအားရှုံ့ချမှုမပြုလုပ်ခဲ့ဘဲ အဆိုပါအရေးနှင့်ပတ်သက်၍ ငြိမ်းချမ်းရေးနည်းဖြင့်သာဖြေရှင်းရန်တွင်တွင်တောင်းဆိုနေခဲ့ခြင်းဖြစ်သည်။ရုရှား – ယူကရိန်းအရေးသည် ဆယ်စုနှစ်ကာလအတွင်း ဥရောပ၌အဆိုးရွားဆုံးဖြစ်ခဲ့ပြီး ကမ္ဘာတစ်ဝန်း၌ အစားအသောက်နှင့်လောင်စာဈေးနှုန်းများလည်းမြင့်တက်လာစေခဲ့သည်။

Source : WION


LEAVE A REPLY

Please enter your comment!
Please enter your name here