ယူကရိန်းတွင် စစ်သားများနှင့် အရပ်သားများ စိတ်ကျန်းမာရေး ပြဿနာများ ရင်ဆိုင်နေရ

0
327

ရုရှား-ယူကရိန်းစစ်ပွဲ တစ်နှစ်အကြာတွင် စစ်ပွဲ၏ ကြောက်မက်ဖွယ်ဖြစ်ရပ်များက တိုက်ခိုက်ရေးသမားများနှင့် အရပ်သားများကို စိတ်ဒဏ်ရာများရစေခဲ့သောကြောင့် ဆရာဝန်များက ၎င်းတို့၏ ထိခိုက်နေသော စိတ်ဓာတ်များကို ပြန်လည်ကောင်းမွန်လာစေရန် အပူတပြင်းဆောင်ရွက်နေကြရသည်။

“ရုရှားတွေကို တိုက်ခိုက်ပစ်ခတ်နိုင်အောင် ကျွန်တော်တို့က အပြည့်အ၀ စစ်ပြင်ဆင်ထားတယ်၊ ဆိုလိုတာက ငါတို့ဟာ သူတို့ကို့နိုင်လိမ့်မယ်” ဟု စိတ်ဒဏ်ရာရနေသော ယူကရိန်းစစ်သားငယ်တစ်ဦးဖြစ်သည့် Renat Pidluzny ပြန်ပြောပြသည်။ “ဒါပေမယ့် ရုရှားတင့်ကားတွေရဲ့ ပစ်ခတ်မှုအောက်ကို ကျွန်တော်တို့ ရောက်သွားခဲ့တယ်။ ကျွန်တော် ဒဏ်ရာတွေရခဲ့တယ်။ အဲဒီနောက်ပိုင်းမှာတော့ တစ်ခါတလေ တစ်နေ့လုံး ခေါင်းကိုက်တယ်။ ဆေးသောက်ရမယ်။ ကျွန်တော့်မှာ မှတ်ဉာဏ်ပြဿနာလဲရှိလာတယ်။ တစ်နှစ်ကြာ တိုက်ပွဲဝင်ပြီးနောက် တစ်ခါတလေ လက်တွေ တုန်ခါလာတယ်။ ကျွန်တော့်တစ်ကိုယ်လုံး တုန်နေတယ်။ ကျွန်တော့်ရဲဘော် တော်တော်များများလည်း ဒီလိုပဲ ခံစားနေရတယ်” ဟု သူကပြောသည်။ Renat Pidluzny သည် လွန်ခဲ့သောနှစ်လခန့်က ယူကရိန်းအရှေ့ပိုင်း Luhansk ဒေသရှိ Bilohorivka အနီးတွင် ကျောဒဏ်ရာနှင့် အခြားထိမှန်ဒဏ်ရာတို့ ရရှိခံစားခဲ့ရသူတစ်ဦးဖြစ်သည်။

Pidluzny သည် Post-traumatic stress disorder (PTSD) ကို ခံစားနေရခြင်းကို ယခုအခါ အောင်မြင်စွာ ကုသပြီးနောက် ရှေ့တန်းသို့ ပြန်သွားနိုင်ရန် စင်တာတွင် တည်းခိုစောင့်ဆိုင်းနေသည်။

သားဖြစ်သူကို လာရောက်တွေ့ဆုံခဲ့သော သူ၏ မိခင်ဖြစ်ကလည်း သူ့အပေါ်စိတ်ပိုင်းဆိုင်ရာ ပံ့ပိုးကူညီမှုများ လုပ်ပေးနိုင်ခဲ့ကြောင်းသိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here