ဘုရားသုံးဆူမြို့တွင် ယမန်နေ့က ထိတွေ့တိုက်ပွဲဖြစ်များပွားခဲ့ပြီး ယနေ့တစ်မြို့လုံးနီးပါး ငြိမ်သက်နေဟုဆို

0
520

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူမြို့တွင် ဖေဖော်ဝါရီ (၂၅) ရက် နံနက် (၆) နာရီခန့်မှ စတ င်ကာ လုံခြုံရေးအဖွဲ့ဝင်များနှင့် လက်နက်ကိုင်အဖွဲ့ဝင်များကြား ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ ထိတွေ့တိုက်ပွဲကြောင့် ဒေသခံအရပ်သားတချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ယနေ့ ဖေဖေါ်ဝါရီ (၂၆) ရက်တွင် တစ်မြို့လုံးနီးပါး ငြိမ်သက်နေကြောင်း ဒေသခံများထံမှ သိရသည်။

ယမန်နေ့ နံနက်ပိုင်းက ဘုရားသုံးဆူမြို့ရှိ ရဲတပ်ဖွဲ့စခန်းအား ဝင်ရောက်တိုက်ခိုက်ခဲ့ရာမှ လုံခြုံရေးအဖွဲ့ဝင်များနှင့်ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကာ ဝင်ရောက်တိုက် ခိုက်ခံရသည့် ရဲစခန်းတွင်လည်း မီးလောင်မှုဖြစ် ပွားခဲ့ကြောင်း သိရသည်။

“တိုက်ပွဲက ၁ နာရီကျော်လောက်ကြာတယ်။ လက်နက် ကြီး ပစ်သံတွေကော သေနတ်ပစ်သံတွေကောပဲ။ ဒဏ်ရာရတဲ့ အရပ်သားတွေလည်းရှိတယ်။ သူ့တို့ကိုတော့ဆေးရုံပို့ထားပေးပါတယ်။ လုံခြုံရေးအဖွဲ့တွေဖက်ကဒဏ်ရာရတာရှိ/မရှိဆိုတာတော့ ကျွန် တော်မသိဘူး”ဟု ဒေသခံလူမှုကူညီရေးအသင်း ဝင်တစ်ဦးက ပြောသည်။

တိုက်ပွဲဖြစ်ပွားမှုသည် (၁) နာရီကျော်ခန့် ကြာမြင်ခဲ့ပြီးနောက် လက်ရှိအချိန်ထိ ဆက်လက်ဖြစ်ပွားမှု မရှိတော့ဘဲ တည်ငြိမ်နေကြောင်း သိရသည်။

“တိုက်ပွဲဖြစ်ပြီးတော့ ဒီနေ့မနက်အထိကတော့ မြို့ထဲမှာ လူသွားလူလာရှင်းနေတယ်။ အခြေအနေကတော့ တိတ် ဆိတ်ပြီးငြိမ်နေတာပေါ့။ မဖြစ်မနေသွားလာရတဲ့လူတွေကလည်း သတိနဲ့ သွားလာနေရတဲ့ အနေအထားပေါ့”ဟု ဒေသခံလူမှုကူညီရေးအသင်းဝင်တစ်ဦးက ပြောသည်။

အဆိုပါ ဘုရားသုံးဆူမြို့ တိုက်ပွဲဖြစ်ပွားခဲ့မှုကြောင့် ထို င်းနိုင်ငံဘက်ခြမ်း ဆောင်ခလာဘူရီခရိုင်ရှိ နယ်စပ်ခြံစ ည်းရိုးတစ်လျှောက်အား လုံခြုံရေးများတင်းကျပ်စွာချ ထားကြောင်း သိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ (၂၃) ရက်ညပိုင်းကလည်း ဘုရားသုံးဆူမြို့ရှိ လူဝင်မှုကြီးကြပ်ရေးရုံး၊ ထွေအုပ်ရုံး၊ စရဖရုံး၊ စည်ပင်ရုံးတို့အား လက်နက်ကိုင်အဖွဲ့ဝင်များက မီးရှို့ဖျက်ဆီးခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here