CNG ရရှိမှုအခက်အခဲနှင့် အငှားယာဥ်မောင်းများအခက်အခဲ

0
238

မြို့တွင်းပြေးဆွဲနေသည့်အချို့ အငှားယာဥ်မောင်းများအနေဖြင့် CNG ရရှိမှုအခက်အခဲကြောင့် အုံနာခပင်မတတ်နိုင်၍ မပြေးဆွဲနိုင်​သေးကြောင်း သိရသည်။

” ဂတ်စ်တွေက အရင်လိုအလွယ်တကူမရတော့ဘူး။ တစ်ခါ တန်းစီရင် ၃ နာရီလောက်ကြာတယ်။ ကားကထွက်ချိန်ထက် ဂတ်စ်ဆိုင်မှာပဲအချိန်ကုန်နေတယ်။ အုံနာခနဲ့မောင်းနေတာဆိုတော့ ပိုက်ဆံကကိုယ့်အတွက်ရှာချိန်မရဘူး။ အုံနာခပဲရအောင်ရှာနေရတယ်။ ကြာတော့ကားမထွက်နိုင်တော့ဘူး”ဟု အငှားယာဥ်မောင်း ကိုဇော်လင်းက ပြောသည်။

လျှပ်စစ်မီးလုံလောက်စွာမရရှိခြင်းကြောင့် ဂတ်စ်အလုံအလောက်မရရှိဘဲ ရရှိပါကလည်း pressure မပြည့်သည့်အတွက် အမောင်းမခံကြောင်း ၊ ရန်ကုန်မြို့တွင်း၌ CNG ဂတ်စ်ဆိုင် ၄၂ ဆိုင်ရှိကြောင်း သိရသည်။

CNG အခက်အခဲကြောင့် YBS ယာဥ်လိုင်းများသည်လည်း ရုံးတတ်၊ ရုံးဆင်းချိန်တွင် ယာဥ်အပြည့်မထွက်နိုင်ဖြစ်နေကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here