Friday, November 22, 2024

အစ္စရေးဝန်ကြီးချုပ်၊ ကာကွယ်ရေးဝန်ကြီးနှင့် ဟားမတ်စ်ခေါင်းဆောင်တို့ကို အိုင်စီစီ...

နိုင်ငံတကာ ရာဇဝတ်တရားရုံး (အိုင်စီစီ) သည် အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟု၊ ကာကွယ်ရေးဝန်ကြီးဟောင်း ယွတ်ဗ် ဂဲလန့်နှင့် ဟားမတ်စ်တပ်မှူး မိုဟာမက် ဒီယက်အီဘရာဟင်...

သွင်းကုန်လုပ်ငန်းရှင်များအတွက် ထိုင်းဘတ် သန်း (၅၀)...

မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် နိုင်ငံခြားငွေကြေးဈေးကွက် (FX Trading Platform) တွင် သွင်းကုန်လုပ်ငန်းရှင်များအား ထိုင်းဘတ် သန်း (၅၀)ရောင်းချပေးမည်ဖြစ်ကြောင်း အသိပေးထုတ်ပြန်ထားသည်။ ထို့ပြင် ပြီးခဲ့သည့်တစ်ပါတ်တွင်လည်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့်...

သခင်မြပန်းခြံ မီးပွိုင့်အနီးတွင် ကုန်တင်ယာဉ် တစ်စီး...

ရန်ကုန်တိုင်းဒေသကြီး၊ အလုံမြို့နယ်၊ ကမ်းနားလမ်းတွင် ကုန်တင်ယာဉ်တစ်စီး အရှိန်လွန် တိမ်းမှော-က်မှု ဖြစ်ပွားရာ ယာဉ်ပေါ်ပါ အမျိုးသား (၅)ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည့်အတွက် ရန်ကုန်ပြည်သူ့...

Naypyitaw State Polytechnic University...

အဆင့်မြင့်သိပ္ပံနှင့်နည်းပညာကဏ္ဍတွင် ထူးခြားဆန်းသစ်စေပြီး နိုင်ငံ့ထိပ်တန်းတက္ကသိုလ်တစ်ခုဖြစ်လာစေမည့် Naypyitaw State Polytechnic University အား နေပြည်တော်၌ ယနေ့ နိုဝင်ဘာ ၂၁ ရက်နံနက်ပိုင်းက...
HomeArticlesသင်သိလိုရာမေး အဖြေပေးမည့်မီးခွက်စောင့်ဘီလူးလေး ဂျင်းနီ...

သင်သိလိုရာမေး အဖြေပေးမည့်မီးခွက်စောင့်ဘီလူးလေး ဂျင်းနီ (သို့) ChatGPT အပိုင်း(၃)

ဓာတ်ပုံ၊ ပန်းချီနဲ့ ဒီဇိုင်းတို့ကိုဖန်တီးနိုင်စွမ်းရှိတဲ့ DALL-E

“DALL-E”ဆိုတဲ့နာမည်ဟာ စပိန်အနုပညာရှင် Salvador Dail နဲ့ ကာတွန်းစက်ရုပ်ဇာတ်ကောင်ဖြစ်တဲ့ WALL-E ဆိုတဲ့နာမည်တွေကိုပေါင်းထားတာပဲဖြစ်ပါတယ်။ DALL-E ဆိုတာ စာသားနဲ့ရေးသားဖော်ပြထားတာတွေကို ပုံရိပ်တွေအဖြစ်ပြန်ပြီးထုတ်ပေးနိုင်တဲ့ OpenAI က တီထွင်ထားတဲ့ Neural Network  (အာရုံကြောကွန်ရက်စနစ်) တစ်မျိုးပဲ ဖြစ်ပါတယ်။ 

DALL-E က ကိုယ်လိုချင်တဲ့ဓာတ်ပုံ၊ ပန်းချီနဲ့ ဒီဇိုင်းပုံတွေကို စာသားနဲ့ရေးသားခိုင်းစေလိုက်တာနဲ့ ဒစ်ဂျစ်တယ်ပုံတွေကိုပြန်ပြီးဖန်တီးပေးနိုင်ပါတယ်။၂၀၂၁၊ ဇန်နဝါရီလမှာ OpenAI က DALL-E အကြောင်းကို ဘလော့ပို့စ်တစ်ခုမှာ ရေးသားခဲ့ဖူးပြီး ပုံတွေကိုဖန်တီးနိုင်ဖို့ GPT-3 ကိုသုံးထားကြောင်းဖော်ပြခဲ့ပါတယ်။ ၂၀၂၂ ခုနှစ်၊ ဧပြီလမှာတော့ အရည်အသွေးမြင့်ဓာတ်ပုံတွေကိုထုတ်ပေးနိုင်တဲ့ DALL-E 2 အကြောင်းကို OpenAI ကသတင်းထုတ်ပြန်ခဲ့ပါတယ်။

၂၀၂၂ ခုနှစ်၊ ဇူလိုင် ၂၀ ရက်နေ့မှာတော့ OpenAI က စောင့်ဆိုင်းသူစာရင်းဝင် လူဦးရေ ၁ သန်းထံသို့ဖိတ်ခေါ်စာပို့ခဲ့ပြီး DALL-E 2 ရဲ့စမ်းသပ်မှုအဆင့် Beta Version အဖြစ်သို့ပြောင်းလဲပေးခဲ့ပါတယ်။ အသုံးပြုသူတွေအနေနဲ့ လစဉ်လတိုင်း ပုံအချို့ကိုအခမဲ့ဖန်တီးနိုင်ပြီး ဒီထက်ပိုဖန်တီးချင်တယ်ဆိုရင်တော့ ဝယ်ယူအသုံးပြုလို့ရပါတယ်။ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၂၈ ရက်နေ့မှာတော့  DALL-E 2 ကို လူတိုင်းအတွက်တရားဝင်အသုံးပြုခွင့်ပြုခဲ့ပါတယ်။

သင့်အနေနဲ့ DALL-E ကိုအသုံးပြုပြီး ပုံတူပန်းချီရေးဆွဲခိုင်းတာ၊ ရေဆေးပန်းချီနဲ့ ဒီဇိုင်းပုံစံအမျိုးမျိုးဖန်တီးခိုင်းတာအပြင် အပြင်လက်တွေ့ဘဝမှာမရှိတဲ့ သင့်စိတ်ကူးထဲကစိတ်ကူးစိတ်သန်းတွေကို စာသားအဖြစ်ရေးသားပြီး သူ့ကိုဖန်တီးပုံဖော်ခိုင်းလို့ရပါတယ်။  ဥပမာသင့်အနေနဲ့ လကမ္ဘာပေါ်ရောက်နေတဲ့အာကာသယာဉ်မှူးတစ်ဦးပုံဖန်တီးပေးပါလို့တောင်းဆိုလိုက်ရင် ပုံစံမတူတဲ့ ပုံ ၄ ပုံကို ပြန်ပြီး ထုတ်ပေးပါတယ်။ အဲ့ဒီ ၄ ပုံထဲကမှ ကိုယ်ကြိုက်တဲ့ပုံကိုရွေးပြီး စိတ်တိုင်းကျဖြစ်မည့် ပုံကိုပြန်ရွေးလို့ရမှာဖြစ်ပါတယ်။

ဒါ့အပြင် DALL-E ဟာ ပြင်ပလောကပတ်ဝန်းကျင်မှာရှိနေတဲ့ဓာတ်ပုံတွေကိုလည်း သဘာဝကျကျဖန်တီးပုံဖော်ပေးနိုင်စွမ်းရှိပါတယ်။ ဥပမာ “လေးထောင့်ပုံလိပ်ထားတဲဆူရှီ” “A cube made of Sushi” လို့ English လိုရေးထည့်ပေးလိုက်တာနဲ့ လေးထောင့်ပုံလိပ်ထားတဲ့ဆူရှီလိပ်ပုံစံမျိုးစုံကို  ဖန်တီးထုတ်လုပ်ပေးပါတယ်။ 

DALL-E ဟာ ကျွန်တော်တို့ရေးသားခိုင်းစေလိုက်တဲ့ အကြောင်းအရာနဲ့ဆက်စပ်တာတွေကိုပါ နားလည်နိုင်စွမ်းရှိပါတယ်။ ဥပမာ “ A bag made of strings” “ကြိုးတွေနဲ့လုပ်ထားတဲ့အိတ်တစ်လုံး ” လို့ရိုက်ထည့်လိုက်တာနဲ့ ကြိုးနဲ့ပြုလုပ်ထားတဲ့ အိတ်ပုံစံတွေကို ဖန်တီးပုံဖော်ပေးပါတယ်။

ဒီလိုမျိုးပုံတွေကိုဖန်တီးထုတ်လုပ်ပေးတဲ့နေရာမှာလည်း အရည်အသွေးမြင့်ပုံရိပ် High-resolution image ကိုထုတ်ပေးနိုင်တာကိုတွေ့ရပါတယ်။ အခုလိုစွမ်းဆောင်ရည်တွေကိုကြည့်မယ်ဆိုရင် AI နည်းပညာသုံးပြီး ဓာတ်ပုံတွေထုတ်လုပ်ဖန်တီးတဲ့နည်းပညာနယ်ပယ်မှာတော့ DALL-E ဟာ အခြားသော App တွေထက်ကို သိသိသာသာ ရှေ့ရောက်နေပြီလို့ဆိုနိုင်ပါတယ်။ DALL-E ကို ထုတ်ကုန်ဒီဇိုင်းထုတ်ပေးတာ၊ ဗိသုကာပညာရပ်နဲ့ အခြားသောအနုပညာနယ်ပယ်တွေမှာလည်းအသုံးပြုလာနိုင်ဖွယ် ရှိနေပါတယ်။

ပရိုဂရမ်တွေရေးပေးနိုင်တဲ့ ChatGPT

ChatGPT ဟာ စကားပြေနဲ့ကဗျာတွေကိုရေးသားပေးနိုင်ယုံသာမကဘဲ နယ်ပယ်အမျိုးမျိုး အတွက် ကွန်ပျူတာဘာသာရပ်အတော်များများရဲ့ Code တွေကိုလည်း ရေးသားနိုင်စွမ်း ရှိပါတယ်။ ChatGPT ဟာ ဖန်ရှင်အမျိုးမျိုးအတွက်ဖြေရှင်းပေးပြီးသားကုတ်တွေကို ဘယ်လိုရေးသင့်တယ်ဆိုတဲ့ဆွေးနွေးချက်တွေပါရှိတဲ့စာရွက်စာတမ်းတွေနဲ့အတူ ယခင် ကတည်းကရေးသားထားပြီးသား ကုတ်အမြောက်အများကိုလည်း ပြန်လည်ပြီး သင်ယူ ထားပြီးဖြစ်ပါတယ်။  

သင်သိချင်တဲ့ ကုတ်အကြောင်းကို ထည့်ပေးလိုက်တာနဲ့ သူနဲ့ ပတ်သက်တဲ့ ကုတ်တွေကိုချက်ချင်းထုတ်ပေးနိုင်တယ်။ အခြားသင်သိချင်တဲ့ မေးခွန်း တစ်ခုခုကိုမေးရင်လည်း ဖြေပေးနိုင်စွမ်းရှိတယ်။

ဥပမာ Application တစ်ခုကို ဘယ်လို ရေးရမလဲလို့မေးလိုက်ရင်လည်း ရေးရမည့်လုပ်ငန်းစဉ်တစ်ခုလုံးကို တစ်ဆင့်ချင်းစီ ဘယ်လိုလုပ်ရမလဲ ပြောပြပါလိမ့်မယ်။

သင်ရေးထားတဲ့ပရိုဂရမ်တစ်ခုရဲ့အပြစ်ကိုရှာဖွေပေးတဲ့နေရာမှာလည်း အလွန်ကို အသုံး တည့်လှပါတယ်။ ဒါ့အပြင် Input Code ကဘယ်လိုမှားနေတယ်ဆိုမျိုးရှင်းပြပေးမှာဖြစ်ပြီး ChatGPT ကို သင်သိလိုတဲ့ပညာရပ်သင်ကြားနိုင်တဲ့အရင်းမြစ်တစ်ခုအဖြစ် အသုံးပြု နိုင်တာကြောင့် ကုတ်ရေးသားသူတွေအတွက် အလွန်ကောင်းမွန်တဲ့လက်နက်တစ်မျိုး လည်းဖြစ်ပါတယ်။ 

သို့ပေမည့်လည်း ChatGPT ကထုတ်ပေးတဲ့ ကုတ်တွေဟာ မှားနိုင်တာမျိုးလည်း ရှိတဲ့အတွက် သင့်လုပ်ဆောင်ရမည့်လုပ်ငန်းနယ်ပယ်ကြီးလာတာနဲ့အမျှ ရှုပ်ထွေးလာမှာ လည်း ဖြစ်ပါတယ်။ အလားတူအသုံးမတည့်တဲ့ ကုတ်တွေ မလိုအပ်ဘဲဖောင်းပွတာကြောင့် အမှားအယွင်းရှိလာနိုင်ပါတယ်။ ဒီ ChatGPTဟာ ယခင်ကဘာတွေလုပ်ခဲ့ဖူးလဲဆိုတဲ့အပေါ် အလွန်အမင်း တည်မှီနေတာကြောင့် ယခင်က

မဖြေရှင်းရသေးတဲ့ပြဿနာတွေအတွက်တော့ ချက်ချင်း အဖြေထုတ်ပေးနိုင်ခြင်းမရှိပါဘူး။ ဘယ်လိုပဲဖြစ်နေပါစေ ChatGPT ဟာ ပရိုဂရမ်ရေးသူများအတွက် အနည်းနဲ့အများတော့အချိန်ကုန်သက်သာစေတဲ့မရှိမဖြစ် ကိရိယာဖြစ်လာမှာဖြစ်ပါတယ်။

ဥာဏ်​ဝေ

အပိုင်း(၁) ဖတ်ရန်>>
https://www.popularmyanmar.com/?p=104103

အပိုင်း(၂)ဖတ်ရန်>>

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အစ္စရေးဝန်ကြီးချုပ်၊ ကာကွယ်ရေးဝန်ကြီးနှင့် ဟားမတ်စ်ခေါင်းဆောင်တို့ကို အိုင်စီစီ ဖမ်းဝရမ်းထုတ်

နိုင်ငံတကာ ရာဇဝတ်တရားရုံး (အိုင်စီစီ) သည် အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟု၊ ကာကွယ်ရေးဝန်ကြီးဟောင်း ယွတ်ဗ် ဂဲလန့်နှင့် ဟားမတ်စ်တပ်မှူး မိုဟာမက် ဒီယက်အီဘရာဟင် အယ်လ်မာစီ အက္ကာ မိုဟာမက် ဒီယက်ဖ်တို့ကို ဖမ်းဝရမ်းထုတ်လိုက်သည်။ အိုင်စီစီ၏ ကြာသပတေးနေ့က ထုတ်ပြန်ချက်တွင် နေတန်ယာဟုနှင့် ဂဲလန့်တို့ကို အစာရေစာဖြတ်တောက်မှုကို စစ်ပွဲနည်းလမ်းတစ်ခုအဖြစ် အသုံးပြုခြင်းနှင့် လူသားမျိုးနွယ်ကို သ-တ်ဖြ-တ်သော ရာဇဝတ်မှု၊ ညှင်းပန်းနှိပ်စက်မှု၊ အခြားလူမဆန်သော လုပ်ရပ်များလုပ်ဆောင်ခဲ့ခြင်းအတွက်ဟု အိုင်စီစီက ဆိုခဲ့သည်။ အိုင်စီစီ ဝရမ်းကြောင့် နေတန်ယာဟုနှင့် ဂဲလန့်တို့ ပြည်ပခရီးများတွင် ဖမ်းဆီးခံရနိုင်သည့် အန္တရယ်ရှိသည်ဆိုသော်ငြားလည်း...

သွင်းကုန်လုပ်ငန်းရှင်များအတွက် ထိုင်းဘတ် သန်း (၅၀) ရောင်းချပေးမည်

မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် နိုင်ငံခြားငွေကြေးဈေးကွက် (FX Trading Platform) တွင် သွင်းကုန်လုပ်ငန်းရှင်များအား ထိုင်းဘတ် သန်း (၅၀)ရောင်းချပေးမည်ဖြစ်ကြောင်း အသိပေးထုတ်ပြန်ထားသည်။ ထို့ပြင် ပြီးခဲ့သည့်တစ်ပါတ်တွင်လည်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် စက်သုံးဆီတင်သွင်းသော လုပ်ငန်းရှင်များကို အမေရိကန်ဒေါ်လာ (၃၅) သန်း ရောင်းချပေးထားသည်။ ဗဟိုဘဏ်အနေဖြင့် စက်သုံးဆီနှင့် အခြားသွင်းကုန်လုပ်ငန်းရှင်များအတွက် နိုင်ငံခြားငွေများကို ထုတ်ရောင်းပေးလျက်ရှိကြောင်း၊ ထို့ပြင် တစ်ဒေါ်လာ (၇၀၀၀) ထိစံချိန်တင်မြင့်တက်ခဲ့ပြီးနောက်ပိုင်း ဗဟိုဘဏ်မှ နိုင်ငံခြားငွေများထုတ်ရောင်းပေးရာ ဩဂုတ်လ (၁) ရက်မှ နိုဝင်ဘာလ (၂၀) ရက်အထိ (၃)လခွဲကျော်တွင် ဒေါ်လာ (၃၃၅) သန်းကျော်၊...

သခင်မြပန်းခြံ မီးပွိုင့်အနီးတွင် ကုန်တင်ယာဉ် တစ်စီး အရှိန်လွန် တိမ်းမှော-က်၊ ယာဉ်ပေါ်ပါ (၅)ဦး ထိခိုက်ဒဏ်ရာများရ

ရန်ကုန်တိုင်းဒေသကြီး၊ အလုံမြို့နယ်၊ ကမ်းနားလမ်းတွင် ကုန်တင်ယာဉ်တစ်စီး အရှိန်လွန် တိမ်းမှော-က်မှု ဖြစ်ပွားရာ ယာဉ်ပေါ်ပါ အမျိုးသား (၅)ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည့်အတွက် ရန်ကုန်ပြည်သူ့ ဆေးရုံကြီးသို့ ပို့ဆောင်လိုက်ရကြောင်း နယ်မြေခံ လူမှုကူညီရေးအသင်းများထံမှ သိရသည်။ အလုံမြို့နယ်၊ ကမ်းနားလမ်း ၊ သခင်မြပန်းခြံမီးပွိုင့်အနီးတွင် ယမန်နေ့ ည (၁၁)နာရီ မိနစ် (၅၀)အချိန်ခန့်က ယာဉ်တစ်စီး တိမ်းမှေ-ာက်မှု ဖြစ်ပွားကြောင်း သတင်းအရ ဝင်းမေတ္တာလူမှုကူညီရေးအသင်း၊ အေးမေတ္တာလူမှုကူညီရေးအသင်း၊ ပြည်သူ+လူရွှင်တော်လူမှုကူညီရေးအသင်း၊ သံဝေဂလူမှုကူညီရေးအသင်းတို့နှင့် မြန်မာနိုင်ငံကြက်ခြေနီအသင်း (အလုံ) တို့မှ သွားရောက်ကူညီခဲ့ကြောင်း သိရသည်။ အဆိုပါ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071