ဒဂုံမြောက်ပိုင်းနှင့် မြောက်ဥက္ကလာပမြို့နယ်တို့မှ စိတ်ကြွ ဆေးပြား (၁) သိန်းကျော် ဖမ်းမိ

0
860

ရန်ကုန်တိုင်း၊ဒဂုံမြို့သစ်(မြောက်ပိုင်း)နှင့်မြောက်ဥက္ကလာပမြို့နယ်တို့မှ စိတ်ကြွဆေးပြား ၁၀၂၀၀၀ ပြားအား ဖေ ဖော်ဝါရီ (၂၅) ရက်က ဖမ်းဆီးရမိခဲ့သည်ဟု ရဲတပ်ဖွဲ့မှသိရသည်။

ယမန်နေ့ မွန်းလွဲ (၂) နာရီခန့်က မူးယစ်ဆေးဝါးတားဆီးနှိမ် နင်းရေး ရဲတပ်ဖွဲ့ဝင်များသည် ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်၊ (၃၅) ရပ်ကွက်တွင် ခင်အောင်ချေ(ခ)ခင်အောင် (၃၆)နှစ်၊ ကျော်မင်းသိန်း (၂၇)နှစ်၊ သူရအောင် (ခ)ကိုသူ(၂၂)နှစ်နှင့် ဦးမောင်ညွတ်ဦး(၄၈)နှစ်တို့အားရှာ‌ ဖွေစစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းသို့ စစ်ဆေးရာတွင် ၎င်းတို့ထံမှ စိတ်ကြွဆေးပြား ၉၀၀၀၀ ပြားအား ဖမ်းဆီးရမိခဲ့သဖြင့် ဒဂုံမြို့သစ်(မြော က်ပိုင်း)မြို့ မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်း လဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေအရ အမှုဖွင့်ကာ စစ်ဆေးလျက်ရှိကြောင်း သိရသည်။

ထို့ပြင် နေ့လယ် (၁) နာရီကလည်း မူးယစ်ဆေးဝါးတား ဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များသည် မြောက်ဥက္ကလာပမြို့နယ်၊(ဋ)ရပ်ကွက်၊ ခေမာသီလမ်းနေ စိုးအောင်(ခ)ဖြူအောင်(ခ)ဖြူကြီး (၅၉)နှစ်၏နေ အိမ်အား သတင်းအရ ၀င်ရောက်ရှာဖွေခဲ့ကြကြောင်း သိရသည်။

ယင်းသို့ စစ်ဆေးရာ ၎င်းနှင့်အတူ နေအိမ်အတွင်းမှ စိတ် ကြွဆေးပြား ၁၂၀၀၀ ပြားအားဖမ်းဆီးရမိခဲ့သဖြင့် မြော က်ဥက္ကလာပမြို့မရဲစခန်းက မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here