မွေးရပ်မြေကို ကျေးဇူးဆပ်တဲ့အနေနဲ့ ကြေးသွန်းဗုဒ္ဓရုပ်ပွားတော်အား သွန်းလုပ်လှူဒါန်းခဲ့တဲ့မင်းသွေးတို့ မိသားစု

0
114

min-thwe-copy

မွေးရပ်မြေဖြစ်တဲ့ ရခိုင်ပြည်နယ် မာန်အောင်မြို့ကို ကျေးဇူးဆပ်တဲ့အနေနဲ့  သရုပ်ဆောင် နေတိုးနဲ့ မင်းသွေးတို့ မိသားစုက မဟာဇေယျသိဒ္ဓိ မဟာမုနိမြတ် ရှင်တော် ကြေးသွန်းဗုဒ္ဓရုပ်ပွားတော်ကို သွန်းလုပ်လှူဒါန်းခဲ့ကြောင်း သိရပါတယ်။ ဒီလို ကြေးသွန်းရုပ်ပွားတော်လှူဒါန်း ဖြစ်ခဲ့ပုံကိုတော့ မင်းသွေးက…

“မိသားစုအလှူလို့ ပြောလို့ရပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ သမ္မတ အပြောင်းအလဲ ဖြစ်တယ်လေ။ အဲဒီမှာ ကောင်းသောလာခြင်းဖြစ်တဲ့ အုပ်ချုပ် မှု အောက် မှာနေရအောင် ကျွန်တော်တို့အပေါ်မှာ ကျေးဇူးရှိတဲ့ ပရိသတ်တွေ၊ ကျွန် တော်တို့ နိုင်ငံအပေါ်မှာ ကျေးဇူးရှိခဲ့သော ပုဂ္ဂိုလ်တွေ အကုန်လုံးကို ရည်စူးပြီး သွန်း လုပ်ခဲ့တာပါ။ အဲဒါကြောင့်လည်း မဟာဇေယျသိဒ္ဓိလို့ပေးခဲ့တယ်။ ဒါကတော့ ကျွန်တော့် အဘိုးက ကျွန်တော့်ကိုပြောပြတာပါ။ ဘုရားကို မန္တလေးမှာ သွန်းလုပ်ပြီး မာန်အောင်မြို့ နယ်က သံကျောက်တောင်မှာ ထားပြီး ကိုးကွယ်မယ်။ အဓိကတော့ ကျွန်တော်တို့ ကိုယ့် ရခိုင်ပြည်နယ် မာန်အောင်မြို့ကို  ကျေးဇူး ဆပ်ချင်တဲ့ သဘောလည်း ပါပါတယ်။ အခုလို လှူဒါန်းရတဲ့အတွက် အများကြီးဝမ်းသာပါတယ်။ ဘုရားဆိုတာ လှူချင်တိုင်းလည်း လှူလို့မရဘူး။

ကိုယ်ကလှူချင်ပေမယ့် အလှူခံချင်တဲ့ ပုဂ္ဂိုလ်ရှိဦးမှ၊ ဘုရား ကိန်း ဝပ်စံပယ်မယ့်နေရာ ရှိဦးမှ။ ဒါကတော့ ကုသိုလ်ထူးလို့ လှူဒါန်းခွင့်ရတယ်လို့ပဲ မြင်ပါ တယ်” လို့ ပြောပါတယ်။ မင်းသွေးက  ‘လေးပါးကျော့ရှိန်ဝရဇိန်’ ရုပ်ရှင် ဇာတ်ကားကို ဂေါ်ရင်ဂျီကျွန်းမှာ သွားရောက်ရိုက်ကူးနေပါတယ်။ ဇာတ်ကားသွားရောက် မရိုက်ကူးခင် ကတည်းက လိုကေးရှင်းတွေလည်း သွားရောက်ကြည့်ရှုခဲ့သလို ကြိုတင်ပြင်ဆင်မှု အနေနဲ့လည်း ပြုလုပ်ခဲ့ပါတယ်။

“ဒီဇာတ်ကားထဲမှာပါတဲ့ ဆံရှည်ဆိုတဲ့ ဇာတ်ရုပ်နဲ့လိုက်အောင် လုပ်နေပါတယ်။ ဒီဇာတ်ကားက ကျွန်တော့်အတွက် အများကြီး ထူးခြားပါလိမ့်မယ်။ ကြိုသွားတဲ့ အကြောင်းအရင်းကတော့ နေလောင်တဲ့ အသားအရေဖြစ်ချင်တဲ့အတွက် မိတ်ကပ်မလိမ်း ချင်တော့ဘူး။ ရေနားမှာနေတဲ့လူဖြစ်တဲ့ အတွက် ရေထဲလည်း ဆင်းချင်ဆင်းရမယ်။ အဲဒါကြောင့် မိတ်ကပ်မလိမ်း ချင်တာလည်းပါတယ်။ ၄ ရက် လောက်သွားပြီး နေလောင် တဲ့အသားအရေရဖို့ နေခြောက်လှန်းဖို့ရှိတယ်။  ကျွန်တော်တွေးထားတဲ့ ဇာတ်ရုပ်က ပိန်ပိန်ပါးပါးနဲ့ ဘာမှအရေးမကြီးဘူးထင်တဲ့ လူမျိုးဆိုတော့ ကျွန်တော့် ခန္ဓာကိုယ်ပိုင်းရယ်၊ အသားအရေပိုင်းရယ်၊ ဆံပင် ရယ်ကို သေချာလေး ပြင်ဆင်ထားပါတယ်” လို့ ပြင်ဆင် ထားမှုများနဲ့ ပတ်သက်ပြီး ပြောပါတယ်။

ခိုင်ဝေလွင်
ဓာတ်ပုံ- မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here