စာတိုက်မှ တဆင့်ပေးပို့ကာ နိုင်ငံကူးလက်မှတ်သက်တမ်းတိုး လျှောက်ထားမှုများတွင် ကြန့်ကြာမှုများရှိနေ၍ ဂျပန်သံရုံးသို့ ကိုယ်တိုင်လာရောက်လျှောက်ထားရန်တိုက်တွန်း

0
267

ဂျပန်နိုင်ငံတွင်ရောက်ရှိနေသည့် မြန်မာနိုင်ငံသားများ၏ နိုင်ငံကူးလက်မှတ်သက်တမ်းတိုးခြင်းအား စာတိုက်မှတဆင့်ပေးပို့လျှောက်ထားမှုများကို ဂျပန်နိုင်ငံဆိုင်ရာ၊ မြန်မာသံရုံးမှ လက်ခံဆောင်ရွက်ပေးလျက်ရှိရာ မလိုလားအပ်သည့် အချိန်ကြံ့ကြာမှုများ ရှိနေသည့်အတွက် လူကိုယ်တိုင် လာရောက် လျှောက်ထားရန် အသိပေးထုတ်ပြန်ထားသည်။

နိုင်ငံကူးလက်မှတ်သက်တမ်းတိုးခြင်းအား စာတိုက်မှပေးပို့လျှောက်ထားသည့် လျှောက်လွှာအချို့တွင် မြန်မာသံရုံးမှသတ်မှတ်ထားသည့် အချက်အလက်များ ပြည့်စုံမှုမရှိခြင်း၊ မှားယွင်းဖြည့်စွက်ခြင်းများကို တွေ့ရှိသဖြင့် မြန်မာသံရုံးမှတာဝန်ရှိသူများက ပြန်လည်ပြင်ဆင်နိုင်ရန် လျှောက်လွှာပိုင်ရှင်များထံဆက်သွယ်ရာတွင် အခက်အခဲများရှိနေသဖြင့် နိုင်ငံကူးလက်မှတ်သက်တမ်းတိုးရာတွင် ကြန့်ကြာမှုများဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။

ထိုသို့ ကြန့်ကြာမှုများမရှိစေရန် နိုင်ငံကူးလက်မှတ်သက် တမ်းတိုးရန် လျှောက်ထားလိုသော တိုကျိုမြို့အနီးရှိ ချီဘ၊ ခါနာဂါဝါ၊ စိုက်တမ၊ အီဘာရာခိ၊ တိုချိဂိနှင့် ဂွန်းမားခရိုင်များတွင် နေထိုင်သူများအနေဖြင့် မြန်မာသံရုံးသို့ ကိုယ်တိုင်လာရောက်လျှောက်ထားရန် မြန်မာသံရုံးက တိုက်တွန်းထုတ်ပြန်ထားသည်။

စာတိုက်မှ ပေးပို့လျှောက်ထားသည့် လျှောက်လွှာတွင် သံရုံးမှ သတ်မှတ်ထားသည့် အချက် အလက်များပြည့်စုံမှုမရှိခြင်း၊မှားယွင်းဖြည့်စွက်ခြင်းများမရှိစေရန် မြန်မာသံရုံး၊တိုကျိုမြို့၏ အင်တာနက်  webs ite ဖြစ်သည့် www.myanmar-embassy-tokyo.net တွင် ဖော်ပြထားသည့် အချက်အလက်များအား သေချာစွာဖတ်ရှု၍ မှန်ကန်စွာဖြည့်စွက်ပေးပို့ရန် အသိပေးခဲ့သည်။

လျှောက်ထားမှုများတွင် လိုအပ်ချက်များရှိပါက သံရုံးမှအသိပေးနိုင်ရန် ဆက်သွ ယ်နိုင်မည့် ဖုန်းနံပတ်နှင့်လက်ရှိ အသုံးပြုနေသည့် အီးမေးလ်လိပ်စာတို့ကို ထည့်သွင်းဖော်ပြပေးရန်လည်း အသိပေးထားသည်။

လက်ရှိအချိန်ထိ မြန်မာသံရုံး၊ တိုကျိုမြို့တွင် နိုင်ငံကူးလက်မှတ်သက်တမ်းတိုးရန် လျှောက်ထားရာ၌ လိုအပ်ချက်များရှိနေသည့် လျှောက်လွှာ ၄၄၉ စောင်ရှိနေကြောင်းလ ည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here