ခရီးသွားများကိုဆွဲ​ဆောင်​နေသည့် ဖိလစ်ပိုင်ရိုးရာအကများနှင့် ပန်းအလှများ

0
297

ဖိလစ်ပိုင်နိုင်ငံ Cordillera ​ဒေသတွင် Panagbenga Festival 2023 ပန်းအလှပြပွဲပြိုင်ပွဲကို ယ​နေ့တနင်္ဂနွေနေ့ တွင်ပြုလုပ်ခဲ့သည်။ Cordillera ၏ထူးခြားသောအမွေအနှစ်ပွဲသို့ခန့်မှန်းခြေ လူ  ၅၀,၀၀၀ ခန့်လာ​ရောက်ဆင်နွဲခဲ့ကြသည်။

Cordillera ဒေသ၏အလှတရားနှင့် ကြွယ်ဝမှုကို ဂုဏ်ပြုသောအားဖြင့် ကပ်ရောဂါဖြစ်ပွားပြီးနောက် မြို့ကိုတစ်ဖန်ပြန်လည်နိုးကြားလာ​အောင်လုပ်ရင်းရိုးရာအကအဖွဲ့များပါ ​ဖျော်​ဖြေခဲ့ကြသည်။လတ်ဆတ်သောပန်းထောင်ပေါင်းများစွာကိုပြသသည့်ပန်းအလှပြယာဥ်များဖြင့် ခရီးသွားများကို ဆွဲ​ဆောင်ခြင်းဖြစ်သည်။ 

ပျော်ရွှင်မှုနှင့် စည်းလုံးညီညွတ်မှုတို့ကို ဖော်ညွှန်းသည့် အဆိုပါအလှပြယာဥ်များကို  ဒေသခံ လက်မှုပညာရှင်များက ဂရုတစိုက်ဖန်တီးထားခြင်း ဖြစ်သည်။

လျင်မြန်စွာပြောင်းလဲနေသောကမ္ဘာကြီးအလယ်တွင်၊ထို ဒေသမှလူများသည် ရိုးရှင်းသောဘဝ၏ပျော်ရွှင်မှုများနှင့်​ကျေနပ်​ပျော်ရွှင်​နေကြသည်။

အလှပြယာဥ်ငယ် ကိုးဖွဲ့နှင့် ပုဂ္ဂလိကကုမ္ပဏီများပါဝင်သည့်အကြီးစား အလှပြယာဥ် ရှစ်ဖွဲ့တို့ ပြိုင်ပွဲတွင် ပါဝင်ခဲ့သည်။

ဆုရရှိသူများကို မတ်လ ၁ ရက်နေ့တွင် ကြေငြာပေးမည်ဖြစ်သည်။

pna.gov.ph


LEAVE A REPLY

Please enter your comment!
Please enter your name here