၆ နှစ်ကြာ ဆုဖလားဝေးကွာမှုကို အဆုံးသတ်နိုင်ခဲ့တဲ့ မန်ယူနိုက်တက်

0
169

မန်ချက်စတာ ယူနိုက်တက်အသင်းဟာ သူတို့အသင်းရဲ့ ၆ နှစ်ကြာ ဆုဖလားဝေးကွာမှုကို အဆုံးသတ်နိုင်ခဲ့ပြီဖြစ်ပါတယ်။

နယူးကာဆယ်အသင်းနဲ့ ၀င်ဘလေကွင်းမှာ ယှဉ်ပြိုင်ခဲ့တဲ့ လိဂ်ဖလား ဗိုလ်လုပွဲမှာ မန်ယူနိုက်တက်က ၂ ဂိုး ဂိုးမရှိ နဲ့အနိုင်ရရှိခဲ့တာဖြစ်ပြီး အချိန် ၆ နှစ်ကြာ ဆုဖလားဝေးကွာမှုကို အဆုံးသတ်နိုင်ခဲ့တာဖြစ်ပါတယ်။

မန်ယူနိုက်တာ ပထမပိုင်းမှာတင် ၂ ဂိုး ဂိုးမရှိနဲ့ ဦးဆောင်နိုင်ခဲ့ပြီး ဒုတိယပိုင်း ထိန်းကစားခဲ့ကာ ၂ ဂိုး  ဂိုးမရှိ ရလဒ်နဲ့ ပွဲပြီးဆုံးသွားခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ ၂၀၁၇ ခုနှစ်က နည်းပြမော်ရိုနဲ့အတူ ယူရိုပါလိဂ်ဖလား ရပြီးနောက်ပိုင်း ဖလားလက်မဲ့ရာသီတွေကို ဖြတ်သန်းခဲ့ရပါတယ်။

၂၀၂၂-၂၃ ဘောလုံးရာသီမှာတော့ မန်ချက်စတာယူနိုက်တက်ဟာ နည်းပြတန်ဟက်စ်ရဲ့ လက်အောက်မှာ ခြေစွမ်းပြနေပြီး ပရီးမီးယားလိဂ်ဖလား၊ ယူရိုပါလိဂ်ဖလား၊ FA Cup နဲ့ ကာရာဘောင်ဖလား စတဲ့ ဖလား ၄ လုံး လမ်းကြောင်းမှာ ခြေလှမ်းမှန်မှန်နဲ့လျောက်လမ်းနေပြီး ပထမဆုံး ဖလား ရရှိခဲ့ပြီဖြစ်ပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here