သူဋ္ဌေးရေအားလျှပ်စစ်စီမံကိန်း ၇၅ ရာခိုင်နှုန်းကျော်ပြီးစီး​နေ၊၂၀၂၅တွင်ရာနူန်းပြည့်ပြီးမည်

0
263

ရခိုင်ပြည်နယ်၊သံတွဲမြို့၊သူဌေးချောင်းပေါ်တွင် ရေအားလျှပ်စစ်အကောင်အထည်ဖော်ရေးဦးစီးဌာန အမှတ်(၄)တည်ဆောက်ရေးက တာဝန်ယူတည်ဆောက်လျက်ရှိသည့် သူဋ္ဌေးရေအားလျှပ်စစ်စီမံကိန်း ၇၅ ရာခိုင်နှုန်းကျော်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

စီမံကိန်းပြီးစီးမှုအခြေအနေအား လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒု-ဝန်ကြီးဦးအေးကျော်မှ ဖေဖော်ဝါရီ ၂၅ ရက်မွန်းလွဲပိုင်းက ကြည့်ရှုစစ်ဆေးခဲ့သည်။

မြန်မာနိုင်ငံတွင် ရေအရင်းအမြစ်များစွာရှိ၍ ထုတ်လုပ်မှုကုန်ကျစရိတ်သက်သာသည့် ရေအားလျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးစီမံကိန်းများကို ဆောင်ရွက်လျက်ရှိကာ ယခုစီမံကိန်းပြီးပါက ဒေသခံများအလုပ်အကိုင်အခွင့်အလမ်းများစွာရရှိမည်ဟု ဒု-ဝန်ကြီးကပြောကြားခဲ့သည်။

ထို့ပြင် ထွက်ရှိလာသော လျှပ်စစ်ဓာတ်အားဖြင့် ဒေသအခြေခံခရီးသွားလုပ်ငန်းများကို တိုးချဲ့ဆောင်ရွက်နိုင်မည်ဟုလည်း ပြောကြားခဲ့သည်။

ထို့နောက် ဒု-ဝန်ကြီးမှ စီမံကိန်းဧရိယာအတွင်း ပင်မတမံတည်ဆောက်ပြီးစီးမှု၊ရေယူအဆောက်အအုံဆောက်လုပ်နေမှု၊ဓာတ်အားပေးစက်ရုံတည်ဆောက်တပ်ဆင်နေမှု၊စီမံကိန်းတွင် တပ်ဆင်အသုံးပြုမည့် စက်မှု၊လျှပ်စစ်ပစ္စည်းများသိုလှောင်ရုံဝင်းအတွင်း ထိန်းသိမ်းထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးခဲ့သည်။

သူဌေးရေအားလျှပ်စစ်စီမံကိန်းသည် သံတွဲမြို့ရှိ သူဌေးချောင်းပေါ်တွင်တည်ရှိပြီး ပင်မရေလှောင်တမံမှာ ဇုန်အမျိုးအစား(ကျောက်ဖြည့်တမံ)ဖြစ်ကာ ကန်ရေပြည့်ရေသိုလှောင် ပမာဏ ၆ ဒသမ ၉၆ သိန်းဧကပေ သိုလှောင်နိုင်ကြောင်း သိရသည်။

ထို့ပြင် ၃၇ မဂ္ဂါဝပ် ဓာတ်အားပေးစက်သုံးလုံးဖြင့် စုစုပေါင်းစက်တပ်ဆင်အင်အား ၁၁၁ မဂ္ဂါဝပ်ရှိကာ  ၂၀၂၅ ခုနှစ်တွင် စီမံကိန်းတစ်ခုလုံး ရာနှုန်းပြည့်ပြီးစီးရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here