နိုင်ငံကူးလက်မှတ်လုပ်ရန် ရက်ချိန်းစနစ်သစ်ပြုပြင်​နေဆဲဖြစ်ခါ ငွေပေးသွင်းပြီးရက်ချိန်းမရခဲ့သူများ ရက်ချိန်းစစ်ဆေးရန် ခလုတ်ကိုနှိပ်၍ စစ်ဆေးနိုင်

0
237

နိုင်ငံကူးလက်မှတ်ပြုလုပ်ရန်အတွက် ရက်ချိန်းရယူရန် အသစ်လျှောက်ထားလိုသူများအတွက် စနစ်အား ပြင်ဆင်မွမ်းမံမှုများ ပြုလုပ်ဆဲဖြစ်သည့်အတွက် ဝန်ဆောင်မရရှိသေးကြောင်း မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးအဖွဲ့က အသိပေးကြေညာထားသည်။

Online Appointment စနစ်ဖြင့် ရက်ချိန်းရယူခြင်းအတွက် ဝန်ဆောင်မှုပြန်လည်စတင်ဖွင့်လှစ်မည့်အချိန်ကို ကြေညာပေးသွားမည်ဖြစ်ကြောင်းသိရသည်။

Online Appointment System ရက်ချိန်းရယူခြင်းစနစ်တွင် ပြီးခဲ့သည့် ၂၄ ရက်နေ့က ကိုယ်ရေးအချက်အလက်ဖြည့်သွင်းပြီး ငွေပေးသွင်းပြီးသော်လည်း ရက်ချိန်းမရရှိခဲ့သူများအနေဖြင့် ရက်ချိန်းစစ်ဆေးရန် ခလုတ်ကိုနှိပ်၍ စစ်ဆေးနိုင်ကြောင်း၊ ယင်းအပြင်တစ်ဦးထက်ပို၍ ပူးတွဲလျှောက်ထားခဲ့သူများအနေဖြင့် အဖွဲ့တွင်ပါဝင်သော လျှောက်ထားသူအားလုံးအတွက် ငွေပေးချေမှု မပြုလုပ်ရသေးသည့်အတွက် ရက်ချိန်းမရရှိသေးခြင်းဖြစ်ကာ ယင်းလျှောက်ထားသူများအနေဖြင့် ရက်ချိန်းစစ်ဆေးရန် ခလုတ်ကိုနှိပ်၍ အဖွဲ့ဝင်တစ်ဦး၏ အမည်နှင့် နိုင်ငံသားစိစစ်ရေးကတ်အမှတ်ထည့်၍ စစ်ဆေးစဉ် အဖွဲ့ဝင်တစ်ဦး ငွေပေးချေရန်ကျန်ရှိကြောင်း အသိပေးစာတွေ့ရှိပါက ငွေပေးရန်ကျန်သူအတွက် ငွေပေးချေပြီး  စနစ်မှ ရက်ချိန်းသတ်မှတ်ပေးမည်ဖြစ်ကြောင်း အသိပေးထားသည်။

ဖေဖော်ဝါရီလ ၂၄ ရက်နေ့တစ်ရက်တည်းတွင် Online Booking စနစ်ဖြင့် နိုင်ငံကူးလက်မှတ်လျှောက်ထားသူဦးရေမှာ ၈၅၂၉ ဦးအထိရှိခဲ့ပြီး ၂၅ ရက်နောက်ပိုင်းမှစတင်ကာ ရက်ချိန်းအသစ်လျှောက်ထားခြင်းကို ရပ်နားထားခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဒီဇင်ဘာလကုန်မှစပြီး နိုင်ငံကူးလက်မှတ်လျှောက်ထားခြင်းကို ရပ်ဆိုင်းခဲ့ကြောင်း၊ယင်းအပြင် အလုပ်သမားညွှန်ကြားမှုဦးစီးဌာန၏ ခွင့်ပြုပြီး အလုပ်ခေါ်စာနှင့်စေလွှတ်မည့် အလုပ်သမားများအပါအဝင် နိုင်ငံကူးလက်မှတ်ပြုလုပ်ခွင့်ကို ဇန်နဝါရီ ၁၇ ရက်က ယာယီရပ်ဆိုင်းခဲ့ခြင်းဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here