ပေါ့ပ်အဆိုကျော်မက်ဒေါနား၏အစ်ကိုအကြီးဆုံး အန်တိုနီဆီကွန်းကွယ်လွန်

0
167

ပေါ့ပ်ဂီတ၏ဘုရင်မတစ်ပါးဟုပင်တင်စားရသော တေးသံရှင်မက်ဒေါနား၏အစ်ကိုအကြီးဆုံးဖြစ်သူ မစ္စတာအန်တိုနီဆီကွန် သည် ဖေဖော်ဝါရီလ ၂၆ ရက်နေ့ကကွယ်လွန်သွားကြောင်းသိရှိရသည်။

၎င်းသေဆုံးသည့်သတင်းအား မက်ဒေါနား၏ညီမအငယ်ဆုံး မယ်လာနီဆီကွန်၏ခင်ပွန်း တေးဂီတပညာရှင် ဂျိုးဟန်နရီက အင်စတာဂရမ်၌ပို့စ်တင်ပြောကြားခဲ့ခြင်းဖြစ်သည်။

“ကျွန်တော့်ရဲ့ယောက်ဖ အန်တိုနီကမနေ့ညနေက အားလုံးကိုနှုတ်ဆက် ထွက်ခွာသွားပြီဖြစ်ပါတယ်၊သူ့ကိုကျွန်တော့်အသက် ၁၅ နှစ်အရွယ်လောက်ကတည်းက စသိခဲ့တာပါ” ဟု၎င်း၏ပို့စ်၌ရေးသားထားသည်။

မစ္စတာအန်တိုနီဆီကွန်း သည် မကွယ်လွန်မီအချိန်က မိသားစုနှင့်အတူနေခြင်းမျိုးမရှိပဲ အိမ်ခြေယာမဲ့နေထိုင်ခဲ့ကြောင်း၊၎င်းအားမိသားစုများမှဖယ်ကျဉ်ထားပြီး ပြန်လည်ထူထောင်ရေးစခန်းများ၌အနေများကြောင်းလည်းသိရသည်။

မစ္စတာအန်တိုနီ၏သေဆုံးရသည့်အကြောင်းအရင်းကိုမူ အသေးစိတ်ထုတ်ပြန်ကြေငြာခြင်းမရှိခဲ့ပေ။မစ္စတာဂျိုးဟန်နရီ၏ပို့စ်အား မက်ဒေါနားမှလိုက်ခ်လုပ်ခဲ့သော်လည်း ကွန်မန့်ရေးသားခြင်းမျိုးမရှိခဲ့ပေ။

ယခုအကြောင်းအရာနှင့်ပတ်သက်၍ မက်ဒေါနား၏

ကိုယ်စားလှယ်နှစ်ဦးထံ မှတ်ချက်တစ်စုံတစ်ရာကြားရရန် အေပီ သတင်းဌာနက အီးမေးလ်ပို့စုံစမ်းမေးမြန်းထားကြောင်းသိရသည်။

မက်ဒေါနားသည် မောင်နှမခြောက်ယောက်အနက် တတိယမြောက်သမီးတစ်ဦးလည်းဖြစ်သည်။၎င်း၏အထက်၌ အစ်ကိုနှစ်ယောက်နှင့် ညီမနှစ်ယောက်၊မောင်တစ်ယောက်ရှိသည်ဟုလည်းသိရသည်။

Source : AP


LEAVE A REPLY

Please enter your comment!
Please enter your name here