ရွှေလီနယ်စပ်ဂိတ်မှတစ်ဆင့် ခရီးသည်ဝင်၊ထွက်မှု ဆက်တိုက်မြင့်တက်နေရာ ​နေ့စဥ် သုံးထောင်​ကျော် ဝင်ထွက်လျှက်ရှိ

0
181

(၂)နှစ်ကျော်ကြာ ပိတ်ထားခဲ့သည့် မူဆယ်-ရွှေလီနယ်စပ်ဂိတ် ပြန်လည်ဖွင့်ခဲ့ပြီး တစ်လအကြာတွင်  ရွှေလီနယ်စပ်ဂိတ်မှ ခရီးသည် ဝင်/ထွက်သွားလာမှု ဆက်တိုက်မြင့်တက်နေကြောင်း တရုတ်သံရုံးက ထုတ်ပြန်ကြေညာထားသည်။

အဆိုပါကြေညာချက်တွင် တစ်ရက်အတွင်း အဝင်/အထွက်ခရီးသည် အများဆုံး (၃၅၀၃) ဦး ရှိခဲ့ပြီး ယခုအခါ ဝင်/ထွက်သွားလာခဲ့သည့် ခရီးသည်အရေအတွက်ဦးရေသည် (၆) သောင်းကျော် ရှိလာပြီဖြစ်ကြောင်းသိရသည်။

“ အခုဆိုရင် ပြည်ဝင်တဲ့အခါ ၄၈ နာရီအတွင်း စစ်ဆေးထားတဲ့ ကိုဗစ်-၁၉ ဗိုင်းရပ်စ် မရှိကြောင်း စစ်ဆေးမှုရလဒ်နဲ့ သက်တမ်းရှိ ပြည်ဝင်ပြည်ထွက်လက်မှတ် ကိုင်ဆောင်ထားဖို့ပဲလိုပါတယ်။ အသွားအပြန်လုပ်ရတာ အရမ်းအဆင်ပြေတယ်”ဟု မြန်မာနိုင်ငံသား နိုင်ငံခြားကုန်သွယ်ရေးလုပ်ကိုင်သူ ကုန်သည်တစ်ဦး ဦးမောင်ဝင်းက ပြောကြားခဲ့သည်။

ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ၂၀၂၀ မတ်လကုန်ပိုင်းကစပြီး ပိတ်ထားခဲ့ခြင်းဖြစ်ကာ တရုတ်နိုင်ငံဘက်မှ ကိုဗစ်-၁၉ ကပ်ရောဂါ စီမံခန့်ခွဲရေး အဆင့်သတ်မှတ်ချက်ဖြစ်သည့် A က B ကို လျှော့ချပြီးတဲ့နောက် နှစ်နိုင်ငံကူးသန်းသွားလာခွင့် ခွင့်ပြုခဲ့ခြင်းဖြစ်သည်။

ယင်းအပြင် ဖေဖော်ဝါရီ ၂၃ ရက်နေ့တွင်လည်း တရုတ်- မြန်မာနယ်စပ် မုန်တိန်-ချင်းရွှေဟော်နယ်စပ်ဂိတ်ကနေ ခရီးသည်များ ဂိတ်ဖြတ်သန်းသွားလာမှုကို အပြည့်အဝ ပြန်လည်စတင်ခဲ့ကြောင်း တရုတ်သံရုံးက အသိပေးထုတ်ပြန်ကြေညာထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here