ဒေါ်လာငွေလဲနှုန်းကြောင့် နိုင်ငံခြားဖြစ်ဆေးဝါးများ ဈေးနှုန်းအပြောင်းအလဲရှိနိုင်

0
174

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးနှင့် ကုန်သည်စက်မှုအသင်းချုပ် စီမံခန့်ခွဲရေးကော်မတီအဖွဲ့ဝင်များတွေ့ဆုံဆွေးနွေးပွဲတွင် ကော်မတီဝင်တစ်ဦးကပြည်ပမှတင်သွင်းသည့် နိုင်ငံခြားဖြစ်ဆေးဝါးများသည် ဒေါ်လာငွေလဲနှုန်းကြောင့် ဈေးနှုန်းအပြောင်းအလဲရှိနိုင်ကြောင်း တင်ပြခဲ့သည်။

ယခင်က ဆေးဝါးနှင့်ဆေးပစ္စည်းကဏ္ဍအတွက် သွင်းကုန် လိုင်စင်ရရန် ရက်အတိအကျ ခန့်မှန်း၍ မရခဲ့သည့်အတွက် ခက်ခဲခဲ့ကြောင်း၊ ယခုအခါ လိုင်စင်ရရှိရန် အနီးစပ်ဆုံး ခန့်မှန်းရသည့်အတွက် ဆေးဝါးပြတ်လပ်မှုမရှိတော့သော်လည်း Exchange Rate ကြောင့်သာ ဈေးနှုန်းအပြောင်းအလဲ ရှိနိုင်ကြောင်း ပြောကြားခဲ့သည်။

လက်ရှိတွင်လည်း ဆေးဝါးဈေးကွက်အတွင်း ဆေးမျိုးစုံဆိုင်တွင် အနိမ့်ဆုံး ၅ ရာခိုင်နှုန်းမှ ၁၀ ရာခိုင်နှုန်းထိ ဈေးနှုန်းမြင့်တက်နေခြင်းဖြစ်သည်။

“ဆေးတွေက တစ်ခါသွားဝယ်ရင်တစ်ခါတက်တယ်။ တောက်လျှောက်ကိုတက်နေတာ။ ကိုယ်တွေက ဆီးချိုရောဂါသမားဆိုတော့ ဆေးကိုမပြတ်ဝယ်ရတယ်။ ဈေးကတက်နေတော့ ဘယ်လိုမှအဆင်မပြေဘူး။ မဖြစ်မနေမို့လို့သာ ဝယ်နေရတာ”ဟု ဆေးဝါးဝယ်ယူသူ ဒေါ်ဖြူဖြူဝင်းကပြောသည်။

လက်ရှိဘဏ္ဍာနှစ်၏ ဆယ်လတာကာလအတွင်းပြည်ပမှ အမေရိကန်ဒေါ်လာ ၅၄၀ သန်းကျော်တန်ဖိုးရှိ ဆေးဝါးများကို တင်သွင်းခဲ့ကြောင်း၊ ပြည်တွင်း ဆေးဝါးဈေးကွက်ရှိ ၈၅ ရာခိုင်နှုန်းမှာ ပြည်ပမှ တင်သွင်းရခြင်းဖြစ်ပြီး ကျန် ၁၅ ရာခိုင်နှုန်းမှာ ပြည်တွင်းထုတ်များဖြစ်ကြောင်း၊ အများစုသည် တရုတ်၊ အိန္ဒိယ၊ ပါကစ္စတန်နှင့် ထိုင်းနိုင်ငံတို့မှ တင်သွင်းခြင်းဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here