နွားထိုးကြီးတွင် ဆေးလိပ်ခုံအလုပ်သမ အမျိုးသမီးတစ်ဦး နေအိမ်၌ သေနတ်ဖြင့် ပစ်သတ်ခံရ

0
361

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ ကဒေါင်းကျေးရွာအုပ်စု၊ ညောင်ဇင်ကျေးရွာတွင် ဆေးလိပ်ခုံ၌ အလုပ်လုပ်ကိုင်သည့် အမျိုးသမီးတစ်ဦး နေအိမ်၌ သေနတ်ဖြင့် ပစ်သတ်ခံရသည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယမန်နေ့ ည (၆)နာရီ (၄၀) မိနစ်ခန့်က လက်နက်ကိုင်ထားသူ (၂) ဦးသည် နွားထိုးကြီးမြို့နယ်၊ ကဒေါင်းကျေးရွာအုပ်စု၊ ညောင်ဇင်ကျေးရွာနေ ဒေါ်မိဝင်း (ခ) ဒေါ်မြင့်မြင့်ဝင်း (၃၅) နှစ်နေအိမ်သို့ ဆိုင်ကယ်ဖြင့် ရောက်ရှိလာကြောင်း သိရသည်။

ယင်းသို့ ရောက်ရှိလာပြီး နေအိမ်အတွင်း၌ သမီးဖြစ်သူနှင့် အတူရှိနေသည့် ဒေါ်မိဝင်း (ခ)ဒေါ်မြင့်မြင့်ဝင်းအား သေနတ်ဖြင့်ပစ်ခတ်၍ မောင်းနှင်ထွက်ပြေးသွားခဲ့ကြကြောင်း သိရသည်။

“သေဆုံးသွားတဲ့ အမျိုးသမီးက ဆေးလိပ်ခုံမှာလုပ်တဲ့ အလုပ်သမတစ်ယောက်ပါ။ ဘယ်လိုအကြောင်းနဲ့ ပစ်သတ်ခံရတယ်ဆိုတာရယ် ပြစ်မှုကျူးလွန်တဲ့ လူတွေကိုဖမ်းမိဖို့အတွက်ရယ် စုံစမ်းစစ်ဆေးနေပါတယ်”ဟု လုံခြုံရေးအဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

ပစ်ခတ်ခံရမှုကြောင့် ဒေါ်မိဝင်း(ခ)ဒေါ်မြင့်မြင့်ဝင်းသည် ယာနားထင်၊ ဝဲနားထင်၊ လည်ပင်းနှင့် နဖူးတို့တွင် ကျည်ဖောက်ဝင်ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here