စစ်မှုထမ်းဖို့ စတင် ပြင်ဆင်နေပြီဖြစ်တဲ့ BTS အဖွဲ့ဝင် ဂျေဟုတ်ပ်

0
134

နာမည်ကျော် ကေပေါ့အဖွဲ့ BTS ၏ အဖွဲ့ဝင်တစ်ဦးဖြစ်သည့် ဂျေဟုတ်ပ်သည် မကြာမီ စစ်မှု စတင်ထမ်းဆောင်တော့မည် ဖြစ်ကြောင်း သိရသည်။

BTS အဖွဲ့၏ အေဂျင်စီဖြစ်သည့် ဘစ်ဟစ် အင်တာတိန်းမန့်က အဖွဲ့၏ အဓိက ကကွက်ဖန်တီးသူ ဂျေဟုတ်ပ်သည် စစ်မှုထမ်းရန်အတွက် စတင် ပြင်ဆင်နေပြီဟု ပြီးခဲ့သည့်အပတ် စနေနေ့က ကြေညာချက် ထုတ်ပြန်ခဲ့သည်။

“ဂျေဟုတ်ပ်ဟာ စစ်မှုထမ်းဖို့အတွက် ရွှေ့ဆိုင်းထားတာကို ဖျက်သိမ်းလိုက်ပြီး စတင်ပြင်ဆင်နေပြီဆိုတာကို ပရိသတ်တွေဆီ အသိပေးချင်ပါတယ်။ နောက်ဆက်တွဲ သတင်းတွေကိုလည်း အချိန်နဲ့ တပြေးညီ အကြောင်းကြားပါ့မယ်” ဟု ဘစ်ဟစ် အင်တာတိန်းမန့်က ကြေညာချက်တွင် ရေးသားထားသည်။

ဂျောင်ဟိုဆော့ ခေါ် ဂျေဟုတ်ပ်သည် စစ်တပ်ထဲဝင်မည့် BTS ၏ ဒုတိယမြောက် အဖွဲ့ဝင်ဖြစ်သည်။ အဖွဲ့၏ အသက်ကြီးဆုံးဖြစ်သည့် ဂျင်မှာမူ ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလကတည်းက စတင်စစ်မှုထမ်းဆောင်နေပြီဖြစ်သည်။

Source: WION


LEAVE A REPLY

Please enter your comment!
Please enter your name here