စကားများရန်ဖြစ်ပြီး​နောက် အိပ်ပျော်နေသည့်ခင်ပွန်း၏ လည်ပင်းအား ဇနီးကဓားဖြင့်လှီးသတ်ခဲ့

0
316

မကွေးတိုင်း၊မြို့သစ်မြို့၊မြင်သာကျေးရွာတွင် ဖေဖော်ဝါရီ ၂၆ ရက်မွန်းတည့်ပိုင်းက ဆိုင်ကယ်ကိစ္စနှင့်ပတ်သက်၍ လင်မယားနှစ်ယောက်စကားများရန်ဖြစ်ပြီးနောက် ဖြစ်စဥ်ဖြစ်ပွားခဲ့ခြင်းဖြစ်‌ကြောင်း ပရဟိတမင်းခေါင်ရှာဖွေကယ်ဆယ်ရေးအသင်းမှ သိရသည်။

ဆိုင်ကယ်ကိစ္စနှင့်ပတ်သက်၍ စကားများရန်ဖြစ်ပြီးနောက် အမျိုးသားဖြစ်သူမှာ နေအိမ်၌အိပ်ပျော်သွားခဲ့ကြောင်း သိရသည်။ထိုသို့ အိပ်ပျော်နေသည့် အမျိုးသားအား ဇနီးဖြစ်သူမှဓားဖြင့်လည်ပင်းအားလှီး၍ သတ်ဖြတ်ခဲ့သဖြင့် အမျိုးသားမှာ အခင်းဖြစ်နေရာ၌သေဆုံးသွားခဲ့ကြောင်း သိရသည်။

“ဆိုင်ကယ်ကိစ္စနဲ့စကားများကြတယ် အမျိုးသားကဆိုင်ကယ်ကို ပေါင်လိုက်တာလား ရောင်းလိုက်တာလားမသိဘူး အဲဒီမှာစကားများပြီး သူ့ယောင်္ကျားအိပ်နေတုန်း ဓားနဲ့လှီးလိုက်တာ အဲဒီအမျိုးသမီးကိုတော့ ရဲတွေဖမ်းသွားပါပြီ သူတို့မှာက ကလေး ၂ ယောက်ရှိတယ်”ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။

ဖြစ်စဥ်မှသေဆုံးသူ၏ရုပ်အလောင်းအား ပရဟိတမင်းခေါင်ရှာဖွေကယ်ဆယ်ရေးအသင်းမှ မြို့သစ်ဆေးရုံရင်ခွဲရုံသို့ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

ဆိုင်ကယ်တစ်​စီးကြောင့် လူသတ်ရသည့် ခံစားချက်​နောက်ကွယ်တွင်မည်သည့်​ခေါင်းစဥ်များပါဝင်​နေမည်မသိ​သော်လည်း က​လေး ၂ဦး မှာ ဖခင်မဲ့ပြီး မိခင်နှင့်လည်း ​ဝေး​နေရဦးမည်။


LEAVE A REPLY

Please enter your comment!
Please enter your name here