လည်ပတ်ရန် ဈေးအသက်သာဆုံးနိုင်ငံများစာရင်း

0
296

အွန်လိုင်းဘဏ္ဍာရေး မဂ္ဂဇင်းတစ်​စောင်ဖြစ်သည့် Kiplinger မှ လွန်ခဲ့သည့် တစ်ပတ်က လည်ပတ်ရန် ဈေးအသက်သာဆုံးနိုင်ငံစာရင်းကိုထုတ်ပြန်ခဲ့သည်။

အိမ်နီးချင်း လာအိုနိုင်ငံသည် တစ်ရက်အတွက် အမေရိကန်ဒေါ်လာ ၁၅ ဒေါ်လာဖြင့် လည်ပတ်ရန် ဈေးအသက်သာဆုံးနိုင်ငံအဖြစ် အဆင့် ၁ တွင်ရပ်တည်​နေသည်။

တူရကီက ဒုတိယအသက်သာဆုံးနှင့် အင်ဒိုနီးရှားက တတိယအသက်သာဆုံးတို့ ဖြစ်သည်။

ထိုင်းနိုင်ငံတွင် ဧည့်သည်တစ်ဦးသည်တစ်ရက်လျှင် ပျမ်းမျှ ၅၂ ဒေါ်လာခန့်၊တည်းခိုခအတွက် ၂၁  ဒေါ်လာနှင့် အစားအသောက်အတွက် ၁၄ ဒေါ်လာ သုံးစွဲခြင်းဖြင့် သွားရောက်လည်ပတ်မှု စတုတ္ထမြောက် ဈေးအသက်သာဆုံးနိုင်ငံ အဖြစ်သတ်မှတ်ထားသည်။

ပေါ်တူဂီက နံပါတ် ၉ နဲ့ ဂရိက နံပါတ် ၁၀ တွင်ရှိနေသည်။

Source: Khaosod
(ဂရပ်ဖစ် We Love ASEAN)


LEAVE A REPLY

Please enter your comment!
Please enter your name here