စားအုန်းဆီအခြေခံလက်ကားရည်ညွှန်းဈေးနှုန်း ၁၀၀ ကျော်မြင့်တက်လာ

0
139

ယခုတစ်ပါတ်အတွက် စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းမှာ ယခင်ပြီးခဲ့သည့်တစ်ပါတ်ထက် ၁၀၀ ကျော်မြင့်တက်လာကြောင်း သိရသည်။

ယခုတစ်ပါတ်အတွက် အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းမှာ ဖေဖော်ဝါရီလ ၂၇ ရက် မှ မတ်လ ၅ ရက်အထိ တစ်ပိဿာ ၄၆၀၀ ကျပ်သတ်မှတ်ထားကြောင်း၊ ပြီးခဲ့သည့်တစ်ပါတ်တွင် တစ်ပိဿာ ကျပ် ၄၄၇၀ ဖြစ်ပြီး ယခင်ထက် ၁၃၀ ကျပ် မြင့်တက်လာခြင်းဖြစ်သည်။

စားအုန်းဆီ တစ်ပိဿာအရင်းဈေးစရိတ်၊ ထပ်ဆောင်းအရောင်း ကုန်သွယ်အခွန်တို့ အပါအဝင် (၄၅၀၉) ကျပ်ဖြစ်ပြီးလက်ကားရည်ညွှန်းဈေးနှုန်းကို တစ်ပိဿာ ကျပ် (၄၆၀၀) အဖြစ် သတ်မှတ်ထားကြောင်းသိရသည်။

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီတင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီအနေဖြင့် စားအုန်းဆီ အဓိကထုတ်လုပ်တင်ပို့သည့် မလေးရှားနိုင်ငံနှင့်အင်ဒိုနီးရှားနိုင်ငံတို့တွင် ဖြစ်ပေါ်နေသည့် FOB ဈေးနှုန်းများကို နေ့စဉ်စောင့်ကြည့်ကာ သယ်ယူပို့ဆောင်ခကုန်ကျစရိတ်များ၊ ဘဏ်စရိတ်များ၊ အခွန်အခများ ထည့်သွင်းတွက်ချက်၍ ပြည်တွင်းဈေးကွက်၌ ရောင်းဝယ်ဖောက်ကားရမည့် အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းကို ထုတ်ပြန်ပေးနေခြင်းဖြစ်သည်။

အသင်း၏ရည်ညွှန်းဈေးနှုန်းထက် ပြင်ပဈေးကွက်အတွင်း စားအုန်းဆီတစ်ပိဿာ ၆၀၀၀ နှင့် ၇၅၀၀ ဝန်းကျင်အထိရှိကြောင်း ရောင်းချသူများထံမှ သိရသည်။

ယင်းအပြင် ရောင်းချသူများအနေဖြင့် ဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းနှင့် မသမာသည့် လုပ်ဆောင်မှုများ ပြုလုပ်ပါက အရေးကြီး ကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here