အိမ်ခြံမြေတန်ဖိုးသတ်မှတ်ပေးရန်တင်ပြမည့် လျှောက်လွှာများအား မတ် ၁၇ ရက်နောက်ဆုံးထားတင်သွင်းရမည်

0
485

ရန်ကုန်တိုင်းအတွင်း၌ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွက် အိမ်ခြံမြေတန်ဖိုးသတ်မှတ်ပေးရန်တင်ပြမည့်လျှောက်လွှာများအား မတ် ၁၇ ရက်ညနေ ၄ နာရီခွဲတွင် နောက်ဆုံးထားတင်သွင်းရန် ကာလတန်ဖိုးစိစစ်သတ်မှတ်ရေးအဖွဲ့(ရန်ကုန်တိုင်း)မှအသိပေးကြေညာခဲ့သည်။

ထိုသို့ တင်သွင်းပြီးပါက ကာလတန်ဖိုးစိစစ်သတ် မှတ်ရေးအဖွဲ့(ရန်ကုန်တိုင်း)မှ မတ် ၁၈ ရက်မှ ၂၄ ရက်အတွင်း ကွင်းဆင်းစစ်ဆေးမှုများပြုလုပ်၍ တန်ဖိုးသတ်မှတ်အစည်းအဝေးကျင်းပသွားမည်ဖြစ်သည်။

ထိုပြင် တန်ဖိုးသတ်မှတ်ပြီးပါက မတ် ၂၈ ရက်မှ ၃၁ ရက်အထိ အခွန်ထမ်းများ ဝင်ငွေခွန်ပေးသွင်းရမည်ဖြစ်၍ လျှောက်လွှာတင်သွင်းရမည့် နောက်ဆုံးရက်အား အသိပေးကြေညာခဲ့ခြင်းဖြစ်သည်။

ကာလ တန်ဖိုးစိစစ်သတ်မှတ်ရေးအဖွဲ့(ရန်ကုန်တိုင်း)မှ ဘဏ္ဍာနှစ်အလိုက် အိမ်ခြံမြေ တန်ဖိုးသတ်မှတ်ပေးခြင်းများကို ဆောင်ရွက်လျက်ရှိသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here