ပေါင်မြို့နယ်၊ကျောက်မိုင်းတစ်ခု၏ကုန်းဆင်းတွင် ကျောက်တင်ကားတိမ်းမှောက်၍ ကားမောင်းသူသေဆုံး

0
292

မွန်ပြည်နယ်၊ပေါင်မြို့နယ်၊ပန်းကုန်းကျေးရွာ၊ ၆ ရပ်ကွက်ရှိ ကျောက်မိုင်းတစ်ခု၏ကုန်းဆင်းတွင် ဖေဖော်ဝါရီ ၂၇ ရက်နေ့ နေ့လည် ၁ နာရီခန့်က ကျောက်မိုင်းမှကျောက်များတင်ဆောင်၍ ကျော်နိုင်(ခ)ရွှေအုပ်(၂၅)နှစ်မောင်းနှင်လာသည့် ကျောက်တင်ကားသည် ကုန်းဆင်း၌အရှိန်မထိန်းနိုင်ဘဲတိမ်းမှောက်သွားခဲ့သည်။

ဖြစ်စဥ်ကြောင့် ကျောက်တင်ကားမောင်းသူသည် ထိခိုက်ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့သဖြင့် လူမှုကူညီရေးအသင်းကားဖြင့် ပေါင်မြို့ပြည်သူ့ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

“ကားမောင်းတဲ့လူက ကျောရိုးကျိုးတယ် ညာဘက်ခြမ်းပွန်းပဲ့ဒဏ်ရာတွေရပြီး အခင်းဖြစ်တဲ့နေရာမှာပဲသေဆုံးသွားပါတယ်၊ ဇင်းကျိုက်နယ်မြေရဲစခန်းကတော့လိုအပ်တာတွေလုပ်နေတယ်”ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။

ပေါင်မြို့နယ်အတွင်း တရားမဝင်မြေတူးဖော်ခြင်းများရှိနေ၍ ယခုရက်ပိုင်းအတွင်း၌ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့မှ ကန့်သတ်တားဆီးသတိပေးမှုများပြုလုပ်ထားကာ တရားမဝင်မြေတူးနေခြင်း
များတွေ့ရှိပါက သတင်းပေးတိုင်ကြားနိုင်ကြောင်း အသိပေးထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here