ယခုနှစ်ခရီးသွားရာသီတွင် ချောင်းသာသို့ ခရီးသွားဦးရေ ၄ သိန်းခွဲခန့်လည်ပတ်ခဲ့

0
206

ယခုနှစ်၏ ခရီးသွားရာသီတွင် ချောင်းသာကမ်းခြေသို့ ခရီးသွားဧည့်သည် ၄ သိန်း ၄ သောင်းကျော် သွားရောက်လည်ပတ်မှုရှိခဲ့ကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေးညွှန်ကြားမှုဦးစီးဌာန(ချောင်းသာ) မှ သိရသည်။

အဆိုပါချောင်းသာကမ်းခြေသို့ ၂၀၂၂ ခုနှစ်အတွင်း ပြည်ပခရီးသွား ၄၂၆ ဦး၊ ပြည်တွင်းခရီးသွား ၄၄၄၁၅၄ ဦး စုစုပေါင်း ၄၄၄၅၈၀ ဦးသွားရောက်မှုရှိခဲ့ကြောင်း သိရသည်။

“ အခုလက်ရှိမှာတော့ ချောင်းသာကမ်းခြေသာယာဖို့အတွက် ဝန်ကြီးဌာနညွှန်ကြားမှုနဲ့ လုပ်ဆောင်နေတာတွေရှိတယ်။ ဒါ့အပြင် ခရီးသွားဧည့်သည်တွေကို ဆွဲဆောင်တဲ့အနေနဲ့ အားကစားပွဲတော်တွေ။ လအလိုက်ရာသီပွဲတော်တွေ လုပ်ပေးနေတာတွေရှိပါတယ်။ ပုံမှန်ကြားရက်ဆိုရင်လည်း လာတဲ့ခရီးသွားဧည့်သည်တွေရှိပါတယ်”ဟု ဟိုတယ်နှင့်ခရီးသွားလာရေးညွှန်ကြားမှုဦးစီးဌာန(ချောင်းသာ) မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ယခုနှစ် ဇန်နဝါရီလတွင်လည်း ခရီးသွားဧည့်သည်ဦးရေ ၄၉၀၈၄ ဦးလာရောက်လည်ပတ်မှု ရှိခဲ့ကြောင်း၊ ယခုနှစ်ခရီးသွားရာသီတွင် အခါကြီးရက်ကြီးပိတ်ရက်များနှင့် နှစ်သစ်ကူးရုံးပိတ်ရက်များတွင် ပင်လယ်ကမ်းခြေသို့ အများဆုံးသွားရောက်မှုရှိခဲ့ပြီး ရှမ်းပြည်တောင်ပိုင်း၊ မန္တလေး၊ ပုဂံဒေသနှင့် ကျိုက်ထီးရိုးခရီးစဉ်ဒေသတွေကိုလည်း သွားရောက်လည်ပတ်သူများရှိခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here