ဆိုင်ကယ်နှင့်ထော်လာဂျီမျက်နှာချင်းဆိုင်တိုက်ရာဆိုင်ကယ်ပေါ်မှ ၁ ဦးသေဆုံး

0
153

ရှမ်းပြည်နယ်၊ကျိုင်းတုံမြို့နယ်၊နောင်ကန်ကျေးရွာအဝင်ကွေ့တွင် ဖေဖော်ဝါရီ ၂၈ ရက်ယနေ့နံနက် ၁၀ နာရီခန့်က အမျိုးသား ၂ ဦးစီးလာသည့် ဆိုင်ကယ်နှင့်ထော်လာဂျီတို့ မျက်နှာချင်းဆိုင်တိုက်မိခဲ့ကြောင်း သိရသည်။

ဖြစ်စဥ်တွင် ထိခိုက်ဒဏ်ရာရသူများရှိနေကြောင်း သတင်းအရ တိုင်းနေနာရေးကူညီမှုအသင်းမှ ကူညီကယ်ဆယ်ရေးများသွားရောက်လုပ်ခဲ့ကြရာ အမျိုးသားတစ်ဦးမှာ အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့ကြောင်း သိရသည်။

ထို့ပြင်​ အမျိုးသားတစ်ဦးမှာလည်း ထိခိုက်ဒဏ်ရာများရရှိထားသဖြင့် မြေပြင်ကုသမှုများပြုလုပ်ပေးခဲ့ပြီးနောက် ကျိုင်းတုံမြို့ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြသည်။

ထို့အတူ သေဆုံးသူ၏ရုပ်အလောင်းအား ကျိုင်းတုံမြို့ပြည်သူ့ဆေးရုံရင်ခွဲရုံသို့ တိုင်းနေနာရေးကူညီမှုအသင်းမှ ပို့ဆောင်ပေးခဲ့ကြသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here