အဝေးရောက်ချစ်သူတွေအတွက် ဖုန်းကနေ အနမ်းပေးနိုင်မယ့် ကိရိယာတစ်မျိုး တရုတ်ပြည်မှာ ခေတ်စားလျက်ရှိ

0
469

အတူမနေရတဲ့ အဝေးရောက် ချစ်သူစုံတွဲတွေကို အပြင်မှာ တကယ်နမ်းသလို ခံစားရစေမယ့် Remote Kiss လို့ခေါ်တဲ့ ဖုန်းအသုံးအဆောင်ပစ္စည်းဟာ အခုတလော တရုတ်ပြည်မှာ ခေတ်စားနေပါတယ်။

Remote Kiss ကို ဖိအားကို အာရုံခံပေးတဲ့ ကိရိယာတွေ၊ နူးညံတဲ့ ဆီလီကွန်တွေနဲ့ ပေါင်းစပ်ဖန်တီးထားပြီး အနမ်းပေးသူရဲ့ နှုတ်ခမ်းအထိအတွေ့အတိုင်း တစ်ပုံစံတည်း ပြန်လည်ဖန်တီးပေးတယ်လို့ ကြေညာထားပါတယ်။

အနမ်းပေးသူရော၊ အနမ်းလက်ခံသူမှာပါ Remote Kiss ကို ဝယ်ထားရမှာဖြစ်ပြီး အင်တာနက်ရှိဖို့လည်း လိုအပ်ပါတယ်။ အချို့သတင်းတွေအရ Remote Kiss ဟာ အနမ်းပေးသူရဲ့ နှုတ်ခမ်းအပူချိန်နဲ့ အနမ်းပေးသံကိုပါ သိရှိနိုင်ပြီး လက်ခံသူဆီ ပြန်လည်ထုတ်လွှတ်ပေးနိုင်တယ်လို့ သိရပါတယ်။

Remote Kiss ပေါ်လာတာဟာ အချိန်အတော်ကြာပြီဖြစ်ပေမယ့်လို့ မကြာသေးခင်ကမှ လူတွေသတိထားမိလာပြီး ဆိုရှယ်မီဒီယာတွေအပေါ် ပုံတွေတင်လာရာမှ ခေတ်စားလာခဲ့တာပါ။

Remoter Kiss ဟာ အသက်ရှုဆေးဘူးလိုမျိုး ထူးခြားတဲ့ ပုံသဏ္ဍာန်ရှိပြီး ဖုန်းရဲ့ အားသွင်းပေါက်နဲ့ ချိတ်ဆက်အသုံးပြုရတာပါ။ ဒါ့အပြင် ဖုန်းနဲ့ အဲဒီကိရိယာကို ချိတ်ဆက်ပေးတဲ့ အကူအက်ပ်တစ်ခုလည်း လိုအပ်တယ်လို့ သိရပါတယ်။ တက္ကသိုလ်ဘဝတုန်းက ချစ်သူနဲ့ အဝေးမှာနေရချိန် ဖုန်းနဲ့ပဲ အဆက်အသွယ်လုပ်ဖြစ်ရာမှ အခုလိုမျိုး အကြံပေါ်လာခဲ့တာပါလို့ Remote Kiss ကို တီထွင်သူ ကျန်း ကျုန်းလီက ပြောထားပါတယ်။

Remote Kiss ကို တရုတ်အွန်လိုင်းဈေးရောင်းဝဘ်ဆိုဒ် ထောင်းပေါင်မှာ ယွမ် ၂၈၈ (ဒေါ်လာ ၄၁) ဖြင့် ဝယ်ယူလို့ ရနိုင်ပါတယ်။

Source: Odditycentral


LEAVE A REPLY

Please enter your comment!
Please enter your name here