ကမ္ဘောဒီးယား၌ သမီးရည်းစားစုံတွဲ မိမိကိုယ်ကိုယ် မိမိ မီးရှို့အဆုံးစီရင်

0
253

ဖနွမ်းပင်၊ဖေဖော်ဝါရီ ၂၈

ကမ္ဘောဒီးယား၌ တည်းခိုခန်းတစ်ခုအတွင်းသမီးရည်းစားစုံတွဲတစ်တွဲ မိမိကိုယ်ကိုယ်မိမိ မီးရှို့ကာ အဆုံးစီရင်သွားသည်ဟုသိရှိရပြီး ရဲများ၏ယူဆချက်အရ အမျိုးသားသည် အမျိုးသမီးအားမေ့ဆေးခတ်ပြီးမှ ၎င်းကိုယ်တိုင်‌ရော ချစ်သူမိန်းကလေးကိုပါမီးရှို့ခဲ့ခြင်းဖြစ်မည်ဟုဆိုသည်။

သေဆုံးသူအမျိုးသားမှာ အသက် ၃၂ နှစ်အရွယ်ရှိစားဖိုမှူးတစ်ဦးဖြစ်ပြီး အမျိုးသမီးမှာ အသက် ၁၇ နှစ်ဖြစ်ကာ ကာစီနိုတွင်အလုပ်လုပ်နေကြောင်းသိရသည်။၎င်းတို့အချင်းချင်းစကားများရာမှ ယခုကဲ့သို့ အဆုံးစီရင်သွားခြင်းဖြစ်နိုင်ကြောင်း ရဲများကသုံးသပ်ကြသည်။

“အမျိုးသားကပထမဆုံးမိန်းကလေးကိုသတိမေ့အောင်လုပ်ပြီးမှ သူကိုယ်တိုင်ကိုရောသူ့ကောင်မလေးကိုပါ ဓာတ်ဆီလောင်းအခန်းတံခါးလော့ခ်ချပြီး ကိုယ့်ကိုယ်ကိုယ်မီးရှို့သွားတာပါ၊တခြားလူသတ်မှုမျိုးမဟုတ်ပါဘူး” ဟု ရဲအရာရှိတစ်ဦးကပြောကြားခဲ့သည်။

၎င်းတို့နှစ်ဦးသည် တနင်္ဂနွေနေ့ညနေခြောက်နာရီခန့်က တည်းခိုခန်းငှားခဲ့ကြပြီး နောက်တစ်နေ့မနက်ခုနစ်နာရီခန့်တွင် အမျိုးသားကဓာတ်ဆီပုလင်းကိုင်ပြီးတည်းခိုခန်းသို့ပြန်ဝင်လာတာမြင်လိုက်သည်ဟု တည်းခိုခန်းပိုင်ရှင်ကပြောကြားခဲ့သည်။

“ခဏနေတော့သူတို့အခန်းဘက်ကမီးတောက်တွေမြင်ရတာပါပဲ၊ကျွန်တော်အချိန်မှီမတားလိုက်နိုင်ဘူး” ဟုလည်းပြောကြားခဲ့သည်။

လူများရောက်ရှိလာပြီး တံခါးဖျက်ဝင်ကယ်ချိန်၌ နှစ်ဦးစလုံးမီးလောင်သေဆုံးသွားပြီဖြစ်ကာ ၎င်းတို့၏ရုပ်အလောင်းများကို ထုံးတမ်းစဉ်လာအတိုင်းသင်္ဂြိုဟ်နိုင်ရန် ဆွေမျိုးများထံပြန်ပို့ပေးခဲ့သည်ဟုလည်းဖော်ပြထားသည်။

Source : Khmer Times


LEAVE A REPLY

Please enter your comment!
Please enter your name here