Bakhmut ၏အခြေအနေ ပိုမိုဆိုးရွားလာဟု ဇလန်းစကီး ပြောကြား

0
338

ယူကရိန်းနိုင်ငံ အရှေ့ဘက်ခြမ်းရှိ Bakhmut မြို့တွင် မိမိတို့ဖက်မှ တိုက်ခိုက်နေရသော တိုက်ပွဲအခြေအနေသည် ပိုမိုဆိုးရွားလာကြောင်း ယူကရိန်းသမ္မတ ဇလန်းစကီးက ပြောကြားခဲ့သည်။

အမေရိကန်ဘဏ္ဍာရေးဝန်ကြီး Janet Yellen တနင်္လာနေ့က ကိယက်ဗ်သို့ လာရောက်လည်ပတ်စဉ် ရုရှားကို လက်နက်တပ်ဆင်ခြင်းမပြုရန် တရုတ်နိုင်ငံအား ပြောကြားခြင်းနှင့် အချိန်ကိုက်ပင် ယူကရိန်းသမ္မတ၏ မှတ်ချက် ယခုကဲ့သို့ထွက်ပေါ်လာခြင်းဖြစ်သည်။

မကြာသေးမီက ရုရှားတပ်များသည် စက်မှုမြို့တော်ကို သိမ်းပိုက်ရန် ကြိုးပမ်းမှုများ ပိုမိုပြင်းထန်လာကာ ၎င်း၏တပ်များအား ခိုင်မာစွာ ခြေကုပ်ယူလာခဲ့သည်။

Donetsk ပြည်သူ့သမ္မတနိုင်ငံမှ ခွဲထွက်ရေးခေါင်းဆောင် Denis Pushilin ကမူ “လက်တွေ့အားဖြင့် မြို့တွင်း လမ်းများအားလုံးသည် ရုရှား၏ထိန်းချုပ်မှုအောက်တွင်ရှိနေသည်” ဟု ပြောကြားခဲ့သည်။

ယူကရိန်းမြေပြင်တပ်ဖွဲ့မှူး Col Gen Oleksandr Syrskyi က Bakhmut ပတ်ဝန်းကျင်အခြေအနေသည် အလွန်တင်းမာနေကြောင်းပြောသည်။ “နယ်မြေကို သူရဲကောင်းဆန်စွာ ဆုပ်ကိုင်ထားတဲ့သူတိုင်းကို ကျေးဇူးတင်တယ်”ဟု လည်း သူကပြောကြားခဲ့သည်။

ယူကရိန်းနိုင်ငံတစ်ခုလုံးကို ကာကွယ်နိုင်စေရန်အတွက် မဟာမိတ်နိုင်ငံများအနေဖြင့် ခေတ်မီတိုက်ခိုက်ရေးလေယာဉ်များစေလွှတ်ပေးရရန် သမ္မတ ဇလန်းစကီးက ထပ်မံတောင်းဆိုခဲ့သည်။

ထို့အပြင် ၂၀၂၂ ခုနှစ် မတ်လကတည်းက Donbas ဒေသရှိ တိုက်ပွဲများကို ကြီးကြပ်တာဝန်ယူခဲ့သော ယူကရိန်းနိုင်ငံ၏ ထိပ်တန်းတပ်မှူး ဗိုလ်မှူးချုပ် Eduard Mykhailovich Moskalov ကို ၎င်း၏ရာထူးမှ ထုတ်ပယ်လိုက်ကြောင်း သမ္မတ ဇလန်းစကီးက တနင်္ဂနွေနေ့က အမိန့်ထုတ်ပြန်ခဲ့သေးသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here