ဟီးနိုးကားဖြင့်သယ်လာ​သောငွေကျပ် ၁ ဘီလီယံ​ကျော်တန်ဖိုးရှိ စိတ်ကြွဆေးပြား ၈ သိန်းခန့်ဖမ်းမိ

0
159

ရှမ်းပြည်နယ်မှရန်ကုန်တိုင်းသို့ ၁၂ ဘီးကုန်တင်ကားဖြင့်သယ်လာသည့် ငွေကျပ် ၁ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ကြွဆေးပြားများအား

မန္တလေးတိုင်း၊သာစည်မြို့နယ်၊ကျွဲတပ်ဆုံကျေး ရွာအနီးတွင် ဖေဖော်ဝါရီ ၂၅ ရက်နံနက်ပိုင်းက  ဖမ်းဆီးရမိခဲ့ကြောင်း ရဲတပ်ဖွဲ့မှသိရသည်။

ယင်းနေ့နံနက် ၁၁ နာရီခန့်က သာစည်မြို့နယ်၊ကျွဲတပ်ဆုံကျေးရွာအနီးတွင် တောင်ကြီးမြို့ဘက်မှသာစည်မြို့ဘက်သို့ မျိုးဝင်းအောင် မောင်းကာ မောင်ကျော်(ခ)ခွန်မောင်ကျော် လိုက်လာသည့် HINO ၁၂ ဘီးကားအား မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များက တားဆီးစစ်ဆေးခဲ့ကြသည်။

ကားပေါ်မှ ငွေကျပ် ၁ ဒသမ ၁၇ ဘီလီယံတန်ဖိုးရှိ စိတ်ကြွဆေးပြား ၇ ဒသမ ၈ သိန်းအား ဖမ်းဆီးရမိခဲ့ပြီး နေ့လည် ၁ နာရီခွဲတွင် စိတ်ကြွဆေးပြားများသယ်ဆောင်ရာတွင် ပူးပေါင်းပါဝင်သည့် မြင့်လွင်(ခ)ကုလားလေးအား အေးသာယာမြို့၊အ မှတ်(၄)ရပ်ကွက်တွင် ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ယင်း စိတ်ကြွဆေးပြားများအား ရှမ်းပြည်နယ် (တောင်ပိုင်း)မှရန်ကုန်တိုင်းသို့ သယ်ဆောင်လာခြင်းဖြစ်ကြောင်းကိုလည်း ဖော်ထုတ်သိရှိခဲ့ရသည်။

ထို့ကြောင့် ဖမ်းဆီးရမိသူများအား မူးယစ်ဆေး ဝါးနှင့်စိတ်ကိုပြောင်စလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရအမှုဖွင့်ကာ စစ်ဆေးလျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here