တစ်ပတ်ကြာကျင်းပမည့်မြန်မာ့ကျောက်မျက်ရတနာပြပွဲတွင်နိုင်ငံသားကျောက်မျက်ရတနာလုပ်ငန်းရှင်များ တက်ရောက်ဝယ်ယူနိုင်

0
258

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ ပူးတွဲကြီးကြပ်၍ မြန်မာ့ကျောက်မျက်ရတနာပြပွဲဗဟိုကော်မတီ၏ (၅၈) ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲအား မတ် ၁၇ ရက်မှ ၂၃ ရက်အထိ နေပြည်တော် မဏိရတနာကျောက်စိမ်းခန်းမ၌ တစ်ပတ်ကြာကျင်းပသွားမည်ဖြစ်သည်။

မြန်မာ့ကျောက်မျက်ရတနာပြပွဲတွင် မြန်မာနိုင်ငံမှထွက်ရှိသည့် ပုလဲ၊ကျောက်မျက်နှင့်ကျောက်စိမ်းအတွဲများအား တင်ပြရောင်းချသွားမည်ဖြစ်သည်။

မြန်မာ့ကျောက်မျက်ရတနာဥပဒေနှင့်အညီ ခွင့်ပြုမိန့်ရယူ၍ ကျောက်မျက်ရတနာများတူးဖော် ထုတ်လုပ်နေသည့် နိုင်ငံသားကျောက်မျက်ရတနာလုပ်ငန်းရှင်များ၊လိုင်စင်ရယူ၍ ကျောက်မျက် ရတနာရောင်းဝယ်နေသည့် နိုင်ငံသားကျောက်မျက်ရတနာလုပ်ငန်းရှင်များအနေဖြင့် သတ်မှတ်ချက်များနှင့်အညီ တက်ရောက်ဝယ်ယူခွင့်ရရှိမည်ဖြစ်သည်။

ထို့ကြောင့် တက်ရောက်ဝယ်ယူခွင့်ရရန် အသေးစိတ်သိရှိလိုပါက မြန်မာ့ကျောက်မျက်ရတနာပြပွဲဗဟိုကော်မတီ၊ မြန်မာ့ကျောက်မျက် ရတနာရောင်းဝယ်ရေးလုပ်ငန်းရုံးချုပ်(နေပြည်တော်)၊မြန်မာ့ပုလဲထုတ်လုပ်ရေးနှင့်ရောင်းဝယ်ရေးလုပ်ငန်းရုံးချုပ်(နေပြည်တော်)တို့သို့ ဆက်သွယ်စုံစမ်းနိုင်ကြပါသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here