ရခိုင်တွင်ရေငန်ကို ရေချိုသုံးရေအဖြစ် ပြောင်းလဲအသုံးပြုနိုင်မည့် နည်းလမ်းများကိုရှာသင့်

0
224

ရခိုင်ပြည်နယ်၊စစ်တွေမြို့၊မြို့ရေပေးဝေရေးစီမံဆောင်ရွက်ထားရှိမှုအား နစက ဥက္ကဋ္ဌ၊ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ဖေဖော်ဝါရီ ၂၈ ရက်နံနက်ပိုင်းက ကြည့်ရှုစစ်ဆေးခဲ့သည်။

မြို့နေပြည်သူလူထု၏ နေ့စဉ်သုံးရေလိုအပ်ချက်ပမာဏကို ဖြည့်ဆည်းပေးနိုင်ရန် ကြိုးပမ်းရမည်ဖြစ်ကာ ရေချိုကိုသိုလှောင်၍ ဖြန့်ဖြူး ပေးသည့် နည်းလမ်းအပြင် ဒေသတွင်းရှိ ရေငန်ကို ရေချိုသုံးရေအဖြစ် ပြောင်းလဲအသုံးပြုနိုင်မည့် နည်းလမ်းများကိုလည်း စဉ်းစားရန်အကြံပြုခဲ့သည်။

“မြို့ပတ်ဝန်းကျင်ကို မထိခိုက်စေနိုင်မယ့် မြို့ရဲ့ မြောက်ဘက်ခြမ်းမှာ မြေအောက်ရေထုတ်ယူသုံး စွဲနိုင်ဖို့ ဆန်းစစ်သုတေသနပြုတိုင်းတာ တာတွေကို အမြန်ဆုံဆောင်ရွက်ပါ”ဟု နစက ဥက္ကဋ္ဌကမှာကြားသည်။

မြေအောက်ရေ လုံလောက်စွာထုတ်ယူသုံး စွဲနိုင်မည့် အခြေအနေရှိပါက လောင်စာဆီအသုံး ပြု၍ ရေတင်ခြင်းထက် လျှပ်စစ်၊ဆိုလာစွမ်းအင်သုံးလျှပ်စစ်တို့ဖြင့် ရေတင်ရန်တွက်ချက်ဆောင်ရွက်ထားဖို့​ပြောသည်။

မိုးရေချိန်လုံလောက်စွာမရရှိသဖြင့်ရေစုကန်များသတ်မှတ်ပမာဏအထိ ရေစုဆောင်းနိုင်မှုမရှိခြင်းသည်ဒေသတွင်းရှိ သစ်တောသယံဇာတများအား အလွန်အမင်း ထုတ်ယူသုံးစွဲခြင်းကြောင့်ဖြစ်သည်ဟု ဆိုသည်။

ထို့ကြောင့် ရာသီဥတုဖောက်ပြန်ခြင်း၊ မိုးရွာရက်နည်းခြင်းနှင့်သဘာဝဘေးအန္တရာယ်တို့ကို ကာကွယ်ရန်  လမုပင်အပါအဝင် သစ်တောသစ်ပင်စိုက်ပျိုးခြင်းများကိုတွန်းအား​ပေးခဲ့သည်။

“ဒေသတွင်းမှာ သစ်ပင်သစ်တောတွေ အများအ ပြားရှိမှသာ ရေငွေ့ကိုထိန်းနိုင်မှာဖြစ်သလို မိုးရေချိန်လည်း အများအပြားရရှိနိုင်မှာဖြစ်တဲ့အ တွက် ဒေသအကျိုးကို ရေရှည်ကြည့်ပြီး စဉ်းစားဆောင်ရွက်ကြရပါမယ်”ဟု နစက ဥက္ကဋ္ဌကမှာကြားခဲ့သည်။

နစက ဥက္ကဋ္ဌအား မြို့ရေပေးဝေရေး ကန်တော်ကြီးနှင့်ရေစုကန်အစုအဖွဲ့နေရာတွင် ပြည်နယ်စည်ပင် ညွှန်ကြားရေးမှူးဦးကျော်မိုးနှင့်တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှုများနှင့်လိုအပ်ချက်များအား ရှင်းလင်းတင်ပြခဲ့ကြသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here