ဘိလပ်မြေအိတ်များတင်လာသည့် ရှပ်ပြေးရေယာဥ်ရေဝင်နစ်မြုပ်၍ ၄ ဦးပျောက်ဆုံးနေမှု မြောင်းမြမြို့နယ်တွင်ဖြစ်ပွား

0
286

ဧရာဝတီတိုင်း၊မြောင်းမြမြို့နယ်တွင် ဘိလပ်မြေအိတ်များတင်လာသည့် ရှပ်ပြေးရေယာဥ် ရေဝင်နစ်မြုပ်ခဲ့မှု မတ် ၁ ရက်(ယနေ့)နံနက်အစောပိုင်းကဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယနေ့နံနက်အစောပိုင်းက မြောင်းမြမြို့မှလပွတ္တာမြို့သို့ ပြေးဆွဲနေသည့် ရှပ်ပြေးရေယာဥ်သည် တင်ဆောင်လာသည့် ဘိလပ်မြေအိတ် ၁၀၀ အား ပြင်ရွာကျေးရွာ၌ချရန် ဆပ်ကမ်းသို့ဆိုက်ကပ်စဥ် ရေဝင်နစ်မြုပ်သွားခဲ့သည်။

“မြောင်းမြကနေထွက်လာပြီး လမ်းတစ်ဝက်က ပြင်ရွာမှာဘိလပ်မြေအိတ်တွေချဖို့ကမ်းကပ်နေတုန်းမှာ ရေတွေဝင်ပြီးမြုပ်သွားတာ ပျောက်နေတဲ့လူတွေရှိလို့ ရှာဖွေရေးလုပ်နေပါတယ်”ဟု ဒေသခံလူမှုကူညီရေးအသင်းဝင်တစ်ဦးကပြော သည်။

ရှပ်ပြေးရေယာဥ် ရေဝင်နစ်မြုပ်မှုကြောင့် အမျိုးသား ၁ ဦးနှင့်အမျိုးသမီး ၃ ဦးပျောက်ဆုံးလျက်ရှိသဖြင့် လုံခြုံရေးအဖွဲ့ဝင်များနှင့်လူမှုကူညီရေးအသင်းဝင်များက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here