အရပ်၂ ပေ ကျော်ကွာဟနေတဲ့ ဂျပန်နိုင်ငံက ဂင်းနစ်စံချိန်ဝင် အမွှာညီအစ်မနှစ်ဦး

0
268

ဂျပန်နိုင်ငံမှာရှိတဲ့ အမွှာညီအစ်မ နှစ်ယောက်ဟာ ထူးထူးခြားခြား အရပ်အမောင်း ကွာဟမှုနေကြောင့် ဂင်းနစ်ကမ္ဘာ့စံချိန် ဝင်ခဲ့တယ်လို့ သိရပါတယ်။

ဂျပန်နိုင်ငံ အိုကာယာမာမြို့မှာ နေထိုင်တဲ့ အသက် ၃၃ နှစ်အရွယ် ယိုရှီအဲနဲ့ မီချီအဲ ကီကူချီဆိုတဲ့ ညီမနှစ်ယောက်ဟာ အမွှာတွေဖြစ်ပေမယ့်လို့ အရပ်အမြင့် ၂ ပေ ၅ လက်မခွဲ ကွာဟနေခဲ့တာပါ။ ဒါကြောင့် သူတို့နှစ်ယောက်ဟာ ဂင်းနစ်ကမ္ဘာ့စံချိန်ကနေပေးတဲ့ သက်ရှိ အမျိုးသမီးအမွှာများကြား အရပ်အမောင်း ကွာခြားချက် အကြီးမားဆုံးဆိုတဲ့ ဂုဏ်ပုဒ်ကို ရရှိခဲ့ပါတယ်။

ယိုရှီအဲဟာ အရပ်အမြင့် ၅ ပေ ၄ လက်မရှိပြီး မီချီအဲကတော့ ၂ ပေ ၁၀ လက်မခွဲပဲ ရှိပါတယ်။ သူတို့နှစ်ယောက်ဟာ အရပ်အမောင်းသာမဟုတ်ဘဲ ရုပ်ပါ မတူတဲ့ အမွှာမျိုးပါ။

ဂင်းနစ်စံချိန်မှတ်တမ်းရဲ့ ဖော်ပြထားချက်အရ မီချီအဲဟာ Spondyloepiphyseal dysplasia congenita (SEDc) လို့ခေါ်တဲ့ အရပ်ရှည်ထွက်တာကို တားဆီးတဲ့ အရိုးချို့ယွင်းမှုရောဂါကို ခံစားနေရတဲ့အတွက် ညီအစ်မနှစ်ယောက်ကြား အခုလိုမျိုး အရပ်ကွာဟမှု ကြီးမားနေတာပါ။

မီချီအဲဟာ လက်ရှိမှာ မိဘတွေနဲ့အတူ နေနေပြီး ဖခင်ဖြစ်သူ ဦးစီးနေတဲ့ ဘုရားကျောင်းမှာ နိစ္စ ဓူဝ ဝေယျာဝစ္စတွေကို ကူညီလုပ်ကိုင်နေတယ်လို့ သိရပါတယ်။

Source: NDTV


LEAVE A REPLY

Please enter your comment!
Please enter your name here