အိန္ဒိယ၌အပူလှိုင်းဖြတ်မှု နှင့် ဆက်စပ်ရောဂါများ တိုးလာနိုင်ဟုသတိပေးထား

0
171

နူးဒေလီ၊ဖေဖော်ဝါရီ ၂၈

အိန္ဒိယ၌ နောက်လအနည်းငယ်အတွင်း အပူလှိုင်းဖြတ်နိုင်ကြောင်းသတိပေးထားပြီး အဆိုပါအပူလှိုင်းကြောင့် ဖြစ်ပေါ်လာမည့် ဆက်စပ်ရောဂါများ မြင့်တက်လာမှုအခြေအနေကိုပါ ထိန်းချုပ်နိုင်ဖို့ အသင့်ပြင်ထားရန်လည်း လိုသည်ဟုတာဝန်ရှိသူများကပြောကြားခဲ့သည်။

အိန္ဒိယသည် လာမည့်ကာလများတွင် အပူလှိုင်းများကို မကြာခဏကြုံတွေ့ရနိုင်ကြောင်းနှင့် မုတ်သုံရာသီအတွင်း၌ပင် ပျမ်းမျှအပူချိန်သည် လွန်ခဲ့သည့်နှစ်နှစ်ဆယ်ကထက် မြင့်တက်လာနိုင်ကြောင်းလည်း အစိုးရတာဝန်ရှိသူများကမနှစ်ကတည်းကသတိပေးခဲ့သည်။

ထို့ကြောင့် “အပူချိန်မြင့်တက်မှုဆိုင်ရာ ကျန်းမာရေးစီမံချက်များ” ကိုအကောင်အထည်ဖော်ရန် နိုင်ငံတစ်ဝန်းရှိ ကျန်းမာရေးဌာနများကို အစိုးရကညွှန်ကြားထားသည်။

အဆိုပါစီမံချက်၌ လုံလောက်သည့်ဆေးဘက်ဆိုင်ရာကျန်းမာရေးဝန်ထမ်းများထားရှိခြင်းနှင့် အဆောက်အအုံများပြင်ဆင်မှု၊မရှိမဖြစ်လိုအပ်သောဆေးဝါးများရရှိနိုင်မှု၊သွေးကြောသွင်းအရည်များ၊ရေခဲထုပ်များနှင့် အခြားလိုအပ်သောကိရိယာများစီစဥ်ထားနိုင်မှုတို့ပါဝင်သည်။

ကျန်းမာရေးဌာနများအားလုံးကို ဗုဒ္ဓဟူးနေ့မှစ၍ အပူနှင့်ဆက်စပ်သောရောဂါများအား နေ့စဥ်စောင့်ကြည့်စစ်ဆေးရန်တောင်းဆိုထားပြီး အပူလွန်ကဲမှုနှင့်ဆက်စပ်သည့်သေဆုံးမှုများကိုမှတ်တမ်းတင်ထားသင့်ကြောင်းလည်းအစိုးရ၏ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

Source : Reuters


LEAVE A REPLY

Please enter your comment!
Please enter your name here