ကွယ်လွန်ပြီလို့ထင်ထားသူကို ကိုးနှစ်အကြာမှာ အသက်ရှင်လျက် ပြန်လည်တွေ့ရှိခဲ့

0
270

ယာဉ်မတော်မဆ ဖြစ်ပွားပြီးနောက် သေဆုံးပြီဟု မှတ်ယူကာ မီးသင်္ဂြိုလ်လိုက်သော တရုတ် အမျိုးသားတစ်ဦးဟာ ကိုးနှစ်အကြာမှာ မိသားစုဆီ အသက်ရှင်လျက် ပြန်ရောက်လာခဲ့ပါတယ်။

ကျိုးခန်းလော်ဆိုတဲ့ အမျိုးသားဟာ သူနေထိုင်တဲ့ ဘိုးဘွားရိပ်သာကနေ ၂၀၁၄ ခုနှစ်မှာ ထွက်ပြေးခဲ့ရာ ယာဉ်မတော်မဆဖြစ်ပွားမှုနဲ့ ကြုံတွေ့ခဲ့ရပါတယ်။ မိသားစုဝင်တွေရော သူငယ်ချင်းတွေကပါ ယာဉ်မတော်မဆ ဖြစ်ပွားတဲ့နေရာမှာ တွေခဲ့ရတဲ့အလောင်းကို ခန်းလော်လို့ ထင်ပြီး မီးသဂြိုလ်ခဲ့ကြတာပါ။

မီးမသင်္ဂြိုလ်ခင် အလောင်းကို ခွဲစိတ်စစ်ဆေးတာမျိုး၊ ဒီအန်အေစစ်ဆေးတာမျိုး မလုပ်ခဲ့ဘူးလို့ သိရပါတယ်။

ကိုးနှစ်ကြာပြီးနောက် ရွာဆီပြန်ရောက်လာတဲ့ ခန်းလော်ရဲ့ ထူးဆန်းတဲ့အပြုအမူတွေကို ချုံးကင်းအာဏာပိုင်တွေက ပြီးခဲ့နှစ် ဩဂုတ်လမှာ စတင်သတိထားမိခဲ့ပြီး စုံစမ်းမေးမြန်းမှုတွေ လုပ်ခဲ့တယ်လို့ တရုတ်သတင်းဌာနက ပြောပါတယ်။

ခန်းလော်ဟာ အစပိုင်းမှာ မေးခွန်းတွေဖြေဖို့ ငြင်းဆိုခဲ့တဲ့အတွက် အရာရှိတွေက ဘယ်သူလဲဆိုတာကို ဖော်ထုတ်ဖို့ အခက်တွေ့ခဲ့ပေမယ့် အင်္ဂါနေ့(မနေ့)က ပြုလုပ်ခဲ့တဲ့ ဒီအန်အေ စစ်ဆေးမှုမှာ ခန်းလော်ဟာ သူ့အစ်ကိုရဲ့ ဒီအန်အေနဲ့ ကိုက်ညီနေတာကို တွေ့ရှိခဲ့ပါတယ်။

ဒါကြောင့် တရုတ်အာဏာပိုင်တွေဟာ၂၀၁၄ ခုနှစ်က မီးသင်္ဂြိုလ်ခံခဲ့ရတဲ့ အမျိုးသားက ဘယ်သူလဲဆိုတာကို ဖော်ထုတ်ဖို့ စုံစမ်းတာတွေ လုပ်ဆောင်နေရပါတယ်လို့ ပြောလာပါတယ်။

Source: ဒေးလီးမေးလ်


LEAVE A REPLY

Please enter your comment!
Please enter your name here