Meta ကမိတ်ဆက်လိုက်တဲ့ ChatGPT ကို ပြိုင်မယ့် ဉာဏ်ရည်တုမော်ဒယ်အသစ်

0
218

Facebook နဲ့ Instagram တို့ရဲ့မိခင်ကုမ္ပဏီ Meta မှ Fundamental AI Research (FAIR) သုတေသနအဖွဲ့ဟာ AI model အသစ်တစ်ခုကိုထပ်မံမိတ်ဆက်လိုက်ပါပြီ။ အဲ့ဒီ Large ဉာဏ်ရည်တု ​မော်ဒယ်အသစ်ကို Language Model Meta AI (LLaMA) လို့ခေါ်ပါတယ်။ Meta ကသူတို့ရဲ့​မော်ဒယ်သစ်ကိုအခုလိုမိတ်ဆက်လိုက်ခြင်းဟာ ပြိုင်ဆိုင်မှုပြင်းထန်နေတဲ့ ChatGPT, Google’s Bard နဲ့ Microsoft’s Bing Chat တို့နဲ့ယှဉ်ပြိုင်ဖို့အသင့်ဖြစ်နေပြီလို့ကြေညာလိုက်ခြင်းပဲဖြစ်ပါတယ်။

Large Language Model ဆိုတာတစ်နည်းအားဖြင့် လူတွေရဲ့ဘာသာစကားကိုနားလည်ပြီး ပြန်လည်ဖန်တီးပုံဖော်ပေးနိုင်တဲ့ ဉာဏ်ရည်တုနည်းပညာတစ်မျိုးပဲဖြစ်ပါတယ်။

အထူးသဖြင့် လူတွေရဲ့ဘာသာစကားဖွဲ့စည်းမှုပုံစံတွေကို လေ့လာလာနိုင်ဖို့ ဉာဏ်ရည်တုနည်းပညာရဲ့ Deep Learning Algorithm တွေကို ဝဘ်ဆိုက်ပေါင်းများစွာပေါ်က စာတွေ၊ ဆောင်းပါးတွေနဲ့ စာအုပ်တွေထဲမှာပါတဲ့ စာသားပေါင်းများစွာနဲ့ လေ့ကျင့်ပေးထားပါတယ်။

ဒီလို Model တွေကို ဘာသာပြန်ဆိုတာ၊ စာသားတွေကိုအကျဉ်းချုံ့ပြန်ရေးခိုင်းတာတွေအပြင် Chatbot နဲ့အပြန်အလှန်စကားပြောတာမျိုး စတဲ့နေရာတွေမှာအသုံးပြုပါတယ်။

“ကျွန်တော်တို့အနေနဲ့ LLaMA ကို သုတေသနလုပ်ငန်းတွေအဆင့်မြှင့်တင်ရာမှာ ပညာရှင်တွေကိုအကူအညီပေးနိုင်ဖို့တီထွင်ထားပါတယ်။ LLaMA မှာ စာရေးသားနိုင်စွမ်း၊ စကားအပြန်အလှန်ပြောဆိုနိုင်စွမ်း၊ စာရေးသားရာမှာ အကြောင်းအရာတွေကိုအကျဉ်းချုံ့ရေးသားနိုင်စွမ်းရှိတာတွေအပြင် သင်္ချာသီအိုရီတွေ၊ ဒါမှမဟုတ် ကြိုတင်တွက်ချက်တာတွေစတဲ့ရှုပ်ထွေးတဲ့လုပ်ငန်းဆောင်တာတွေကိုဖြေရှင်းနိုင်စွမ်းတွေရှိနေပါတယ်”လို့ ဇူကာဘတ်က သူ့ရဲ့ဖေ့စ်ဘွတ်စာမျက်နှာမှာရေးသားထားပါတယ်။

Ref:firstpost.com


LEAVE A REPLY

Please enter your comment!
Please enter your name here