မွေးထားသော ခွေးဘီးလူးက သခင်မ ကို ကိုက်သတ်

0
729

စပိန်နိုင်ငံ ဗလန်စီယာမြို့တွင် ဗြိတိန်အမျိုးသမီးတစ်ဦးကို သူခေါ်ယူကျွေးမွေးထားသော ခွေးဘီလူးက မသေမချင်း ကိုက်ဖဲ့ခဲ့ကြောင်း သိရသည်။

အမည်ဖော်ပြထားခြင်းမရှိသော အသက် ၆၇ နှစ်အရွယ် အမျိုးသမီးသည် ဗလန်စီယာမြို့အနီးရှိ လယ်ကွင်းတွင် စွန့်ပစ်ခံထားရသော ခွေးဘီလူးအား သနားသောစိတ်ဖြင့် အိမ်အထိခေါ်၍ စောင့်ရှောက်ကျွေးမွေးခဲ့ရာ ရက်အနည်းငယ်အကြာတွင် ထိုခွေး၏ ရုတ်တရုတ် တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။

ထိုဖြစ်စဉ်မှာ ပြီးခဲ့သည့်အပတ် သောကြာနေ့ ညနေ ၂ နာရီဝန်းကျင်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ထိုအမျိုးသမီး၏ အော်ဟစ်သံများကို ကြားခဲ့ရသူများက အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့များကို အကြောင်းကြားကာ အကူအညီတောင်းခဲ့ကြသည်။

ထိုခွေးဘီလူးသည် အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့များ ရောက်လာသည့်တိုင် ဆက်လက်ကိုက်ဖဲ့နေခဲ့သဖြင့် သေနတ်ဖြင့် ပစ်သတ်ခဲ့ရသည်ဟု ရဲတပ်ဖွဲ့က ဆိုသည်။

ထို့နောက် ကယ်ဆယ်ရေးအဖွဲ့များသည် အဆိုပါအမျိုးသမီး၏ အခြေအနေအား တည်ငြိမ်အောင် လုပ်ကာ အနီးနားရှိ ဆေးရုံသို့ ပို့ဆောင်ခဲ့သော်လည်း ဒဏ်ရာ အလွန်ပြင်းထန်သောကြောင့် ဆေးရုံ၌ပင် သေဆုံးသွားခဲ့ရသည်။

အဆိုပါအမျိုးသမီးသည် စပိန်တွင် တစ်ယောက်တည်း နေထိုင်နေသူဖြစ်ပြီး သမီးနှစ်ယောက်စလုံးမှာမူ နိုင်ငံခြားတွင် နေထိုင်ကြောင်း သတင်းများက ဖော်ပြထားသည်။

Source: The Mirror


LEAVE A REPLY

Please enter your comment!
Please enter your name here