သတ္တုတွင်းထွက်ပစ္စည်းပြည်ပတင်ပို့မှု အမေရိကန်ဒေါ်လာ ၂၇၉ သန်းကျော်လျော့ကျ

0
285

ယခုဘဏ္ဍာနှစ်အတွင်း ကျောက်စိမ်း၊ကျောက်မျက်ရတနာအပါအဝင် သတ္တုတွင်းထွက်ပစ္စည်းများ ပြည်ပတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၂၉၄ ဒသမ ၄၁ သန်းရရှိထားပြီး ယမန်နှစ်ကာလတူထက် အမေရိကန်ဒေါ်လာ ၂၇၉ သန်းကျော်လျော့ကျနေကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ကုန်သွယ်မှုစာရင်းတွေအရ သိရသည်။

ကုန်သွယ်မှုစာရင်းအချက်အလက်တွေအရ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်စ ဧပြီလ ၁ရက်ကနေ ဖေဖော်ဝါရီလ ၁၇ ရက်အထိ ပြည်ပသို့တင်ပို့ထားသည့် သတ္တုတွင်းထွက်ပစ္စည်းများ၏ ပို့ကုန်ဝင်ငွေဖြစ်ကြောင်း သိရသည်။

နိုင်ငံပိုင်ကဏ္ဍမှ အမေရိကန်ဒေါ်လာ ၂၀ ဒသမ ၆၉ သန်း၊ပုဂ္ဂလိကကဏ္ဍကနေ အမေရိကန်ဒေါ်လာ ၂၇၃ ဒသမ ၇၁ သန်းတင်ပို့ခဲ့ကြောင်း စာရင်းများအရ သိရသည်။ ယခုဘဏ္ဍာနှစ်တွင် နိုင်ငံပိုင်ကဏ္ဍမှ ပြည်ပသို့ သတ္တုတွင်းထွက်ပစ္စည်းတင်ပို့မှုသည် လျော့ကျနေကြောင်း စာရင်းများအရ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here