မင်းသားဟယ်ရီနှင့် မီဂန်တို့ကို ဗြိတိန်ရှိ တစ်ခုတည်းသော တရားဝင်အိမ်ရာမှ ချားလ်စ်ဘုရင် မောင်းထုတ်

0
567

ချားစ်ဘုရင်သည် မင်းသားဟယ်ရီနှင့် ဇနီးဖြစ်သူ မီဂန် မာကယ်တို့ကို ဗြိတိန်တွင်ရှိသော သူတို့နှစ်ဦး၏ တစ်ခုတည်းသော နေအိမ်ဖြစ်သည့် ဖရော့ဂ်မော ကော့တေ့ချ်မှ မောင်းထုတ်လိုက်ပြီ ဖြစ်ကြောင်း သိရသည်။

ဘက်ကင်ဟမ်နန်းတော်သည် ဟိုးလေးတကျော်ကျော်ဖြစ်သွားသော မင်းသားဟယ်ရီ၏ “Spare” အမည်ရ ကိုယ်တွေ့ဘဝမှတ်တမ်းစာအုပ် ထွက်ရှိလာပြီးနောက် ရက်ပိုင်းအကြာတွင် သူတို့နှစ်ဦးအား ထိုအိမ်မှ ထွက်ခွာရန် သတိပေးချက်ထုတ်ပြန်ခဲ့သည်ဟု သည်ဆန်းသတင်းစာက ဖော်ပြထားသည်။

ထို့ပြင် ချားလ်စ်ဘုရင်သည် အဆိုပါအိမ်အား အဲလိဇဘက်ဘုရင်မလက်ထက်က တော်ဝင်ဂုဏ်ပုဒ်များ ရုပ်သိမ်းခံခဲ့ရသော ညီငယ်ဖြစ်သူ မင်းသားအန်ဒရူးထံ လွှဲပြောင်းပေးရန် ပြင်ဆင်နေကြောင်း သိရသည်။

တော်ဝင်နန်းတော်ရှိ အတွင်းလူတစ်ဦးက ဟယ်ရီနှင့် မီဂန်တို့ကို ယခုကဲ့သို့ ဖရော့ဂ်မော ကော့တေ့ချ်မှ မောင်းထုတ်လိုက်ခြင်းသည် သူတို့နှစ်ဦးနှင့် ဗြိတိန်တို့ကြား အဆက်အသွယ်ဖြတ်ခြင်းကို ပြသနေကြောင်း သည်ဆန်း သတင်းစာသို့ ပြောလာခဲ့သည်။

ဖရော့ဂ်မော ကော့တေ့ချ်အိမ်သည် ကွယ်လွန်သူ အဲလိဇဘက်ဘုရင်မကြီးက မင်းသားဟယ်ရီနှင့် မီဂန်တို့ထံ ၂၀၁၈ ခုနှစ်တွင် မင်္ဂလာလက်ဖွဲ့အနေဖြင့် ပေးအပ်ခဲ့သောအိမ်ဖြစ်ပြီး သူတို့နှစ်ဦး၏ တစ်ခုတည်းသော ဗြိတိန်ရှိ နေအိမ်လည်းဖြစ်သည်။

Source: ဒေးလီးမေးလ်


LEAVE A REPLY

Please enter your comment!
Please enter your name here