သဘင်ပြတိုက်၊ သဘင်ရွာ လုပ်နိုင်ဖို့အထိ ရည်မှန်းထားသူ သဘင် အစည်အရုံး (ဗဟို) ဥက္ကဋ္ဌ ဦးဖိုးချစ်

0
96

pho-chit-copy

မြန်မာ့ဇာတ်သဘင်ရဲ့ ပညာရှင်ကြီးတွေကို တခမ်း တနားဖော်ပြဖို့အတွက်ရော၊ သဘင်ပြတိုက်ကြီး တစ်ခု ထားရှိနိုင်ဖို့အတွက်ပါ ကြိုးစားနေကြပါကြောင်း သဘင် အစည်းအရုံး (ဗဟို) ဥက္ကဋ္ဌ ဦးဖိုးချစ်က ပြောပါတယ်။ ဒါပေမဲ့လည်း မြန်မာနိုင်ငံ သဘင်ပညာရှင်များ အစည်း အရုံး (ဗဟို) အနေနဲ့ အခုလက်ရှိအထိ ရုံးခန်းပိုင် မရှိသေး တဲ့အတွက် ဒါကိုအရင်ဆုံးလုပ်ရဦးမယ်လို့ သူကထပ် ပြောပါတယ်။

“ရှိတဲ့ရုံးကလည်း အဆင်မပြေဘူး။ ပြီးတော့ နေရာ ကလည်း အဆင်မပြေဘူး။ ဒါကြောင့် ကျွန်တော်တို့ ကြိုးစားဆဲကာလပဲ ရှိနေပါသေးတယ်။ ကျွန်တော်တို့ရဲ့ ရည်ရွယ်ချက်ထဲမှာတော့ ပါပါတယ်။ အစည်းအရုံးမှာ တာဝန်မထမ်းဆောင်တော့တဲ့အချိန်မှာလည်း ဆက်လုပ် သွားမှာပါ။ ပြတိုက်တို့၊ သဘင်ရွာတို့က အရင် ကတည်းက ကျွန်တော်အိပ်မက် မက်ခဲ့တာတွေပါ။ အဓိကကတော့ ဒါတွေက ရှိသင့်တာပေါ့။ ထိန်းသိမ်းရမှာပါ။ ပျက်စီး သွားလို့မရဘူးလေ။ သဘင်ပညာ ကကျတော့ စည်းမျဉ်း စည်းကမ်း ပိုကြီးတယ်။ လိုက်နာရမယ့် အရာတွေက ပိုပြီးတော့ လေးနက်တယ်လို့ ပြောလို့ရတယ်။ ဘာကြောင့် လဲဆိုတော့ ဥပမာ- လူတစ်ယောက်ကို သင်ပြတော့မယ်ဆို ရင် အခြေခံပေါ့။ ဒီတီးလုံး ၁၂ ပုဒ်ရရင် ၊ ၁ဝ ပုဒ်ရရင် တော် တော်များများတီးလို့ရပြီ။ အကဆိုရင်လည်း ကဗျာ လွတ် ဘယ်နှဆင့်အောင်ပြီးရင် ဘယ်လောက် ကလို့ရပြီဆို ပြီး တော်တေို တိတိကျကျနဲ့ ပညာရှင် ကြီးတွေက စာပေအက္ခရာထက်မှာ သီးခြားကြီးThesis  လုပ်ပြီး မဖြစ် မနေလုပ်တာမျိုးသာ နည်းခဲ့တာ။ မဖြစ်မနေကို အသိနဲ့၊ နားလည်မှုနဲ့ လိုက်နာရတာတွေက အများကြီးပဲရှိပါတယ်။ ဒါတွေကို ထိန်းသိမ်းရမှာပေါ့” လို့ သဘင်ဥက္ကဋ္ဌ ဦးဖိုးချစ်က ပြောပါတယ်။

သဘင်အစည်းအရုံး (ဗဟို) ရဲ့ ရုံးပိုင်နေရာရှိလာဖို့ အတွက် လက်ရှိအစိုးရသစ် လက်ထက်မှာ ကြိုးစားသွားမှာ ဖြစ်ပြီး နိုင်ငံတော်မှာလည်း တခြားအခက် အခဲတွေ ရှိနေ တာ ဖြစ်သလို သဘင်အစည်းအရုံးဆိုရင်လည်း ရုံးပိုင် နေရာက မဖြစ်မနေကို ရှိသင့်တာဖြစ်တဲ့အတွက် မဖြစ် မနေ လိုအပ်နေတာပါလို့လည်း သူက ဆက်ပြောပါတယ်။

“ပြီးတော့ နိုင်ငံရဲ့ယဉ်ကျေးမှုလည်းဖြစ်တယ်။ အရပ် ဘက်မှာ ပြောရရင်တော့ ယဉ်ကျေးမှုနဲ့ဆိုင်တာ အကြီးဆုံး အဖွဲ့အစည်းကြီးလည်း ဖြစ်တယ်။ တင့်တင့် တယ်တယ်ကို ရှိရမှာပါ။ ဖော်ရှိုးပြဖို့အတွက် မဟုတ်ပါဘူး။ လုပ်ငန်း တကယ်လုပ်လို့ရမယ့် ရုံးချုပ်ကြီးက တကယ်ကို လိုအပ်ပါ တယ်။ ပြီးတော့ တိုင်းနဲ့ ပြည်နယ်ရဲ့ မြို့တိုင်းမှာ ဇာတ်ရုံတွေ လိုအပ်တယ်” လို့ သူက ပြောပါတယ်။

လင်းအက္ခရာ


LEAVE A REPLY

Please enter your comment!
Please enter your name here