တုကီယေးငလျင်အပြီးအပျက်အစီးများအောက် ၂၃ ရက်ကြာပိတ်မိနေသည့် ဟက်စကီးအမျိုးအစား ခွေးကလေးအဲလက်စ်အားကယ်တင်နိုင်ခဲ့

0
259

တုကီယေးနှင့်ဆီးရီးယားငလျင်လှုပ်ခတ်မှုအပြီး တစ်လနီးပါးကြာခဲ့ပြီဖြစ်သော်လည်း ကယ်ဆယ်ရေးလုပ်ငန်းများအား ဆက်လက်လုပ်ဆောင်နေဆဲဖြစ်ကာ ယနေ့တွင် အပျက်အစီးပုံများအောက် ၂၃ ရက်ကြာပိတ်မိနေသည့် ဟက်စကီးအမျိုးအစားခွေးကလေးအဲလက်စ်အား ကယ်တင်နိုင်ခဲ့ကြောင်းသိရသည်။

ကယ်ဆယ်ရေးအဖွဲ့များ ရှာဖွေကယ်ဆယ်ရေးရှင်းလင်းရေးလုပ်ဆောင်နေစဉ် တိုက်အပြိုအပျက်များ၏အောက်မှ အဆိုပါခွေးကလေး၏ညည်းသံအား ကြားခဲ့ရခြင်းဖြစ်သည်ဟုဆိုသည်။ထို့ကြောင့်ကယ်ဆယ်ရေးသမားများမှ ခွေးလေးအဲလက်စ်အားကယ်နိုင်ရန် အသည်းအသန်လုပ်ခဲ့သော်လည်း အချိန်တစ်နာရီခွဲနီးပါးကြာမြင့်ခဲ့သည်ဟုဆိုသည်။

ယင်းနောက်ကယ်ဆယ်ရေးသမားများ အဲလက်စ်အားရှာဖွေတွေ့ရှိချိန်၌ ခွေးလေးသည်အမြီးလေးနံ့ပြကာ ၎င်းအားကူညီရန် အကူအညီတောင်းခံခဲ့သည်ဟု ကယ်ဆယ်ရေးသမားများကပြောကြားခဲ့သည်။ အဲလက်စ်အားကယ်တင်ပြီးနောက် အစာနှင့်ရေများတိုက်ကာ တိရစ္ဆာန်အခွင့်အရေးအဖွဲ့ချုပ် (HAYTAP) သို့လွှဲပြောင်းပို့ဆောင်ပေးခဲ့ကြောင်းလည်းသိရသည်။

ဖေဖော်ဝါရီ ၆ ရက်ကလှုပ်ခတ်ခဲ့သော ငလျင်ဒဏ်အား တုကီယေးနှင့်ဆီးရီးယားနှစ်နိုင်ငံလုံး၌ အပြင်းအထန်ခံစားခဲ့ရပြီး နှစ်နိုင်ငံပေါင်းလူဦးရေ ၅၀,၀၀၀ ကျော်သေဆုံးခဲ့ကြောင်းလည်းသိရသည်။

ယခုအထိ ကယ်ဆယ်ရေးနှင့်ရှင်းလင်းရေးလုပ်ငန်းများကိုလည်းဆက်လက်လုပ်ဆောင်နေပြီး ပြီးခဲ့သည့်လကလည်း အပျက်အစီးများအောက် ၁၂ ရက် (နာရီပေါင်း ၂၇၈ နာရီ) အထိပိတ်မိနေသော အမျိုးသားတစ်ဦးကိုလည်း ကယ်တင်နိုင်ခဲ့သေးသည်။

Source : WION


LEAVE A REPLY

Please enter your comment!
Please enter your name here