အမေဇုန်တောမှာ တီကောင်နဲ့ ကြင်ငယ်ရည်တွေ ၃၁ ရက်ကြာ စားသောက်ပြီး အသက်ဆက်ခဲ့ရတဲ့ အမျိုးသား

0
211

ဘိုလီးဗီးယားနိုင်ငံသားတစ်ဦးဟာ အမေဇုန်တောမှာ သူငယ်ချင်းတွေနဲ့အတူ အမဲလိုက်ထွက်ရာကနေ အုပ်စုကွဲပြီး လမ်းပျောက်သွားတဲ့အတွက် ၃၁ ရက်ကြာအောင် တီကောင်နဲ့ အင်းဆက်တွေ စားပြီး အသက်ဆက်ခဲ့ရတယ်လို့ ဆိုပါတယ်။

အသက် ၃၀ အရွယ် ဂျွန်နသန် အာကိုးစတာ ကို ပျောက်ဆုံးတာ တစ်လတိတိကြာပြီးတဲ့နောက် ပြီးခဲ့တဲ့အပတ် စနေနေ့မှာ ရှာဖွေကယ်ဆယ်ရေးအသင်းက ပြန်လည်ရှာဖွေ့တွေ့ရှိခဲ့တာပါ။

အာကိုးစတာ ဟာ သူငယ်ချင်းလေးယောက်နဲ့အတူ အမေဇုန်မိုးသစ်တောမှာ အမဲလိုက်ခရီးထွက်ရာကနေ ဇန်နဝါရီလ ၂၅ ရက်နေ့မှာ အုပ်စုကွဲသွားပြီး တစ်ယောက်တည်း လမ်းပျောက်သွားခဲ့ပါတယ်။ ဇန်နဝါရီလအကုန်မှာတော့ အာကိုစတာရဲ့မိသားစုက လူပျောက်ကြေညာခဲ့ပါတယ်။

အာကိုးစတာ က အခုလိုမျိုးလမ်းပျောက်ခဲ့ရာကနေ အသက်ရှင်သန်ရေး နည်းလမ်းတွေ အများကြီး သိရှိလာတယ်လို့ပြောလာပါတယ်။ “အသက်ရှင်ဖို့ အင်းဆက်တွေကို စားခဲ့ရတယ်၊ ကိုယ့်သေးကိုယ် ပြန်သောက်ခဲ့ရတယ်၊ တီကောင်တွေ စားခဲ့ရတယ်” လို့ သူက အင်္ဂါနေ့မှာ ဘိုလီးဗီးယား ရုပ်သံချန်နယ်ဖြစ်တဲ့ ယူနစ်တယ် တီဗွီကို ပြောလာခဲ့ပါတယ်။

သူဟာ မိုးရွာတဲ့အချိန်မှာ ရာဘာဘွတ်ဖိနပ်နဲ့ မိုးရေကို စုဆောင်းခဲ့ပေမယ့်လည်း ရေကုန်သွားတဲ့အချိန်မှာတော့ ကိုယ့်သေးကိုယ် ပြန်သောက်ခဲ့ရပါတယ်။ တောထဲမှာ ရှိနေတဲ့အချိန် ခြေချင်းဝတ်လည်ခဲ့တဲ့အပြင် အစာရှာရခတ်တာကြောင့် ကိုယ်အလေးချိန် ၃၇ ပေါင် ကျသွားတယ်လို့ သူက ပြောလာပါတယ်။

အဲဒီအဖြစ်အပျက်သာ မှန်ကန်ကြောင်း အတည်ပြုပြီးပါက အာကိုးစတာ ဟာ အမေဇုန်တောမှာ တစ်ယောက်တည်း ရက်အကြာဆုံး အသက်ရှင်သန်နိုင်ခဲ့သူတွေထဲက တစ်ယောက် ဖြစ်လာမှာပါ။

Source: The Guardian


LEAVE A REPLY

Please enter your comment!
Please enter your name here