လုပ်ငန်းခွင်၌ထိခိုက်မိ၍ လက်သုံးချောင်းပျက်စီးခဲ့သည့် မြန်မာနိုင်ငံသား  နစ်နာကြေး ဘတ် ၃ သိန်းကျော်ရရှိ

0
169

ထိုင်းနိုင်ငံ၊ဖက်လံ​ဆောင်နယ်​မြေရှိ ဂတ်စ်အိုးစက်ရုံ၏ လုပ်ငန်းခွင်အတွင်း၌ထိခိုက်မိခဲ့သည့် မြန်မာနိုင်ငံသား မောင်ချစ်ကိုသည် နစ်နာကြေးအဖြစ် ဘတ် ၃ သိန်းကျော်ရရှိခဲ့ကြောင်း AAC မဟာမိတ်အဖွဲ့မှ သိရသည်။

မောင်ချစ်ကိုသည် ၂၀၁၉ ခုနှစ်က ဂတ်စ်အိုးစက်ရုံ၌ အလုပ်လုပ်ကိုင်နေစဥ် လုပ် ငန်းခွင်အတွင်း စက်ထဲသို့လက်သုံးချောင်းပါသွားကာ ပျက်စီးသွားခဲ့ခြင်းဖြစ်သည်။

၄င်းအတွက် နစ်နာကြေးရရှိရန် အလုပ်သမားကူညီစောင့်ရှောက်ရေးအဖွဲ့များက ကူညီခဲ့ကြသော်လည်း နစ်နာကြေးရရှိခဲ့ခြင်းမရှိသဖြင့် AAC မဟာမိတ်အဖွဲ့ထံဆက်သွယ်အကူအညီတောင်းခံ​ခဲ့ကြောင်း သိရသည်။

ထို့ကြောင့် AAC မဟာမိတ်အဖွဲ့မှ မောင်ချစ်ကို၏ နစ်နာကြေးရရှိရန် လိုက်ပါကူညီဆောင်ရွက်ပေးခဲ့ကြသဖြင့် ဖေဖော်ဝါရီ ၂၇ ရက်တွင် နစ်နာကြေးအဖြစ် ထိုင်းဘတ်ငွေ ၃၁၂၇၄၇ အားရရှိခဲ့သည်ဟု သိရသည်။

ထိုင်းနိုင်ငံရှိ လုပ်ငန်းခွင်အတွင်း၌ထိခိုက်မိ၍ လက်ချောင်းများပျက်စီးဆုံးရှုံးခဲ့ရသူ ၁၀ ဦးခန့်ရှိနေသေးသည်ဟု AAC မဟာမိတ်အဖွဲ့မှ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here