ယူကရိန်းစစ်ပွဲ စတင်ပြီးနောက် အမေရိကန်နှင့် ရုရှား နိုင်ငံခြားရေးဝန်ကြီးတို့ G20 တွင် ပထမဆုံးအကြိမ် တွေ့ဆုံ

0
408

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်နှင့် ရုရှား နိုင်ငံခြားရေးဝန်ကြီး ဆာဂေး လာရော့ဗ်တို့သည် အိန္ဒိယနိုင်ငံ နူးဒေလီမြို့တွင် ကျင်းပသော G20 နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးပွဲ၏ ပြင်ပတွင် မတ်လ ၂ ရက် ကြာသပတေးနေ့က ခဏတာ တွေ့ဆုံခဲ့ကြောင်း သိရသည်။

ယူကရိန်းအရေးအခင်း စတင်ပြီးနောက်ပိုင်း သူတို့နှစ်ဦးပထမဆုံးအကြိမ် တွေ့ဆုံခြင်းလည်း ဖြစ်သည်။

ဘလင်ကန်က လာရော့ဗ်အား အမေရိကသည် အရေးအခင်း မည်မျှပင် ကြာမြင့်စေကာမူ ယူကရိန်းကို ဆက်လက်ပံ့ပိုးပေးသွားမည်ဟု ပြောကြားခဲ့ကြောင်း သိရသည်။

ထို့ပြင် မကြာသေးမီကမှ ပူတင်နုတ်ထွက်သွားခဲ့သော နူးစတတ် နျူလက်နက် ထိန်းချုပ်ရေး သဘောတူစာချုပ်တွင် ပြန်လည်ပါဝင်ရန်လည်း လာရော့ဗ်အား တိုက်တွန်းခဲ့သည်။

အဆိုပါ တွေ့ဆုံမှုမှာ ၁၀ မိနစ်ပင် မကြာမြင်ခဲ့ပေ။ ထိုတွေ့ဆုံမှုအတွင်း ဝါရှင်တန်သည် မော်စကိုအား ယူကရိန်း၏ ကမ်းလှမ်းချက်ကို လက်ခံရန် တိုက်တွန်းခဲ့ပြီး သမ္မတ ဇလန်းစကီး၏ တောင်းဆိုချက်များကို အကြောင်းပြု၍ ယူကရိန်းနှင့် ထိတွေ့ဆက်ဆံရန် တောင်းဆိုခဲ့သည်ဟု သတင်းများတွင် ဖော်ပြထားသည်။

Source: WION


LEAVE A REPLY

Please enter your comment!
Please enter your name here